Quran with Burmese translation - Surah Ar-Rum ayat 29 - الرُّوم - Page - Juz 21
﴿بَلِ ٱتَّبَعَ ٱلَّذِينَ ظَلَمُوٓاْ أَهۡوَآءَهُم بِغَيۡرِ عِلۡمٖۖ فَمَن يَهۡدِي مَنۡ أَضَلَّ ٱللَّهُۖ وَمَا لَهُم مِّن نَّٰصِرِينَ ﴾
[الرُّوم: 29]
﴿بل اتبع الذين ظلموا أهواءهم بغير علم فمن يهدي من أضل الله﴾ [الرُّوم: 29]
Ba Sein ၂၉။ ထိုသို့စီရင်တော်မူသော်လည်း မတရားမှုကျူးလွန်သူတို့သည် အသိပညာမရှိပဲ မိမိတို့ကိလေသာဖုံးပိတ် မကောင်း ဓာတ်ဆွဲငင်ရာကိုသာ အမြဲလိုက်နာပြုမူကြ၏၊ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှားတွင် ပစ်ထား ပါမူ ထိုသူအား အဘယ်သူသည် လမ်းမှန်ကို ညွှန်ပြနိုင်အ့ံနည်း၊ ဤကဲ့သို့သောအမိုက်တုံးတို့အား ကူညီစောင်မ မည့်သူမရှိချေ။ |
Ghazi Mohammad Hashim သို့ပါလျက် မတရားပြုလုပ်ကြသော သူတို့မှာမူကား၊ သက်သေအထောက်အထား မရှိဘဲလျက် မိမိတို့၏စိတ်အလိုဆန္ဒများကိုသာ လိုက်နာလိုက်စား ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်က လမ်းမှားစေတော်မူခဲ့သောသူအား တရားလမ်းမှန်ကို မည်သူညွှန်ကြားပြသနိုင်မည်နည်း။ ထိုမှတစ်ပါး ၎င်းတို့၌ ယိုင်းပင်းကူညီသူများဟူ၍လည်း ရှိကြမည်မဟုတ်ပေတကား။ |
Hashim Tin Myint သို့ရာတွင် အမှန်စင်စစ် မတရားသူများသည် ပညာအထောက်အထားမရှိဘဲနှင့် သူတို့၏စိတ်အလိုဆန္ဒနောက်ကိုသာ လိုက်ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အရှင်မြတ်က လမ်းမှား၌ပင် ထားလိုက်ပြီဖြစ်သည့်သူကို လမ်းမှန် မည်သူပြပေးနိုင်ဦးမည်နည်း။ ထို့ပြင် သူတို့တွင် ကူညီမည့်သူများလည်း ရှိကြမည်မဟုတ်တော့ပေ။ |