Quran with Burmese translation - Surah Ar-Rum ayat 30 - الرُّوم - Page - Juz 21
﴿فَأَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفٗاۚ فِطۡرَتَ ٱللَّهِ ٱلَّتِي فَطَرَ ٱلنَّاسَ عَلَيۡهَاۚ لَا تَبۡدِيلَ لِخَلۡقِ ٱللَّهِۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴾
[الرُّوم: 30]
﴿فأقم وجهك للدين حنيفا فطرة الله التي فطر الناس عليها لا تبديل﴾ [الرُّوم: 30]
Ba Sein ၃ဝ။ တမန်တော်မိုဟမ္မဒ်၊ ဇာတိပကတိအားဖြင့် ဖြောင့်မတ်မှန်ကန်သကဲ့သို့ သင်သည် သာသနာရေးတွင် မိမိ၏ ရည်ရွယ်ချက်ကို ဖြောင့်မတ်စေလော့၊ အလ္လာဟ်အရှင်မြတ်သည် လူသားကို ဖန်ဆင်းတော်မူသောအခါ ရိုးသား ဖြောင့်မတ်ခြင်းစိတ်ဓာတ်ကို ထည့်သွင်းပေးသနားတော်မူ၏၊ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းနှင့်သက်ဆိုင် သောပညတ်တော်များသည် တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိ၊ ပကတိမြဲမြံစွာတည်ရှိ၏၊ ဤဖြောင့်မတ်မှန်ကန် စင်ကြယ်ခြင်းသဘောတရားသည် သာသနာအစစ်အမှန်ဖြစ်၏၊ သို့သော်များလှစွာသောလူသားတို့သည် မသိ ကြချေ။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အသင်(လူသား)သည် လူသားတို့အား အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သော သဘာဝဓမ္မနှင့်အညီ မိမိ၏မျက်နှာကို (မှန်ကန်သော) ဒီန်သာသနာအပေါ်၌ အာရုံစူးစိုက်လျက် ခိုင်ခံ့တည်တံ့စွာထားရှိလေ။ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင် မည်သည့်ပြောင်းလွဲမှုမျှ အလျှင်းမရှိပြီ။ ဤသည်ပင်လျှင် ဖြောင့်မတ်မှန်ကန်သော "ဒီန်" သာသနာဖြစ်၏။ သို့တစေလည်း အများဆုံးသော သူတို့မှာမူကား မသိနားမလည်ကြပေ။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်က လူသားများကို ဖန်ဆင်းတော်မူခဲ့သော သဘာဝအရည်အချင်းအတိုင်း* အသင်၏မျက်နှာကို (မှန်ကန်သည့်)သာသနာပေါ်တွင် တစ်စိတ်တစ်လက်တည်း အာရုံစိုက်ပြီး ခိုင်မြဲစွာထားပါ။ အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းမှုတွင် မည်သည့် ပြောင်းလဲမှုမျှမရှိပေ။ ဤသည် ဖြောင့်မတ်မှန်ကန်သော သာသနာဖြစ်သည်။ သို့ရာတွင် လူအများစုသည် မသိနားမလည်ကြပေ။ |