Quran with Burmese translation - Surah Ar-Rum ayat 47 - الرُّوم - Page - Juz 21
﴿وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ رُسُلًا إِلَىٰ قَوۡمِهِمۡ فَجَآءُوهُم بِٱلۡبَيِّنَٰتِ فَٱنتَقَمۡنَا مِنَ ٱلَّذِينَ أَجۡرَمُواْۖ وَكَانَ حَقًّا عَلَيۡنَا نَصۡرُ ٱلۡمُؤۡمِنِينَ ﴾
[الرُّوم: 47]
﴿ولقد أرسلنا من قبلك رسلا إلى قومهم فجاءوهم بالبينات فانتقمنا من الذين﴾ [الرُّوم: 47]
Ba Sein ၄၇။ မိုဟမ္မဒ်၊ ငါသည် သင်မပွင့်မီအချိန်ကာလတွင် တမန်တော်အသီးသီးတို့ကို ၎င်းတို့၏ အမျိုးသားတို့ထံသို့ မုချစေလွှတ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် အချုပ်အခြာအာဏာပိုင်သတော်မူကြောင်းကို ထင်ရှားစေသော ရှင်းလင်းခိုင်မာသည့်သက်သေခံချက်ကြီးများကို ထိုတမန်တော်တို့ယူဆောင်လာကြ၏၊ ထို့နောက်ငါသည် တမန် တော်တို့အား ပြစ်မှားသောသူတို့ကို လက်စားချေတော်မူ၏၊ ယုံကြည်သူတို့ကို စောင်မကြည့်ရှုမှုကား အရှင်မြတ် ၏ တာဝန်တော်ဖြစ်၏။ |
Ghazi Mohammad Hashim ထို့ပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်များအား ၎င်းတို့၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့ရာ ထိုရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်ကြကုန်သော သူတို့အား လက်စားချေတော်မူခဲ့၏။ စင်စစ်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား ကူညီစောင်မတော်မူခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်ပေသတည်း။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ တမန်တော်များအား ၎င်း၏အမျိုးသားများထံ စေလွှတ်တော်မူခဲ့သည့်အတွက် ထိုတမန်တော်များသည် သူတို့ထံသို့ ထင်ရှားသော သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများအား တန်ပြန် အရေးယူတော်မူခဲ့သည်။ ထို့ပြင် အီမာန်ယုံကြည်သူများအား ကူညီတော်မူခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်တော်မူသည်။ |