Quran with Burmese translation - Surah Ar-Rum ayat 60 - الرُّوم - Page - Juz 21
﴿فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقّٞۖ وَلَا يَسۡتَخِفَّنَّكَ ٱلَّذِينَ لَا يُوقِنُونَ ﴾
[الرُّوم: 60]
﴿فاصبر إن وعد الله حق ولا يستخفنك الذين لا يوقنون﴾ [الرُّوم: 60]
Ba Sein ၆ဝ။ ထို့ကြောင့်မိုဟမ္မဒ်၊ သင်သည် သည်းခံခြင်းတရားကို မြဲမြံစွာကိုင်ထားလော့၊ အလ္လာဟ်အရှင်မြတ်၏ ကတိတော် သည် အမှန်ပင်မှန်ကန်၏၊ ထို့ကြောင့်ယုံမှားသင်္ကာရှိသောမိစ္ဆာမိုက်တို့သည် သင့်အား စိတ်မတိုစိတ်မပျက် စေလင့်။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ခန္တီတရားထားရှိပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မှန်ကန်သော ကတိတော်ပင် ဖြစ်သည်။ ၎င်းပြင် မယုံကြည်သောသူတို့သည် အသင့်အား သည်းမခံနိုင်အောင် မပြုကြစေရ။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်(တမန်တော်)သည် သည်းခံပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် မှန်ကန်သော ကတိတော်ပင်ဖြစ်သည်။ ထို့ပြင် (ပွင့်လင်းမြင်သာသော သက်သေလက္ခဏာ အထောက်အထားများအား) မယုံကြည်သူများက အသင့်ကို သည်းမခံနိုင်သည်အထိ(စိတ်)ကျဉ်းကျပ် ချည့်နဲ့မှုမျိုးဖြစ်အောင် မပြုလုပ်စေနှင့်။ |