Quran with Burmese translation - Surah Luqman ayat 23 - لُقمَان - Page - Juz 21
﴿وَمَن كَفَرَ فَلَا يَحۡزُنكَ كُفۡرُهُۥٓۚ إِلَيۡنَا مَرۡجِعُهُمۡ فَنُنَبِّئُهُم بِمَا عَمِلُوٓاْۚ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴾
[لُقمَان: 23]
﴿ومن كفر فلا يحزنك كفره إلينا مرجعهم فننبئهم بما عملوا إن الله﴾ [لُقمَان: 23]
Ba Sein ၂၃။ အို-တမန်တော်၊ အကြင်သူသည် သမ္မာတရားတော်ကို မယုံကြည်အ့ံ၊ ထိုသူ၏ မိစ္ဆာအယူဝါဒသည် သင်၏ စိတ်ကို မထိခိုက်စေလင့်၊ ထိုအယူမှားသူတို့သည် ငါ့အထံတော်သို့ ပြန်ကြရမည်သာတည်း၊ ထိုအခါငါသည် သူတို့အား သူတို့ပြုကျင့်မှုများကို မိန့်ကြားတော်မူမည်၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် လူသား တို့၏ စိတ်နှလုံးအတွင်းရှိရှိသမျှအပေါင်းကို အကြွင်းမဲ့သိတော်မူ၏။ |
Ghazi Mohammad Hashim သို့ရာတွင် မည်သူမဆို သွေဖည်ငြင်းပယ်ခဲ့ပါမူ၊ထိုသူ၏ သွေဖည်မှုသည် အသင့်အား ပူဆွေးစေခြင်း မဖြစ်စေရ။ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ သာလျှင် ပြန်လည်ရောက်ရှိကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့ကျင့်မူပြုလုပ်ခဲ့ ကြသည်များကို သိစေတော်မူမည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ရှိသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint ထို့ပြင် မည်သူမဆို ငြင်းပယ်ခဲ့လျှင်၊ သူ၏ငြင်းပယ်မှုကြောင့် အသင်(တမန်တော်)မပူဆွေးပါနှင့်။ သူတို့ ပြန်လည်ရာသည် ငါအရှင်မြတ်ထံတော်၌သာ ဖြစ်သည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့ပြုလုပ်ခဲ့သည်များကို အသိပေးတော်မူမည်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် (လျှို့ဝှက်ထား)ရှိသည်များကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်။ |