Quran with Burmese translation - Surah Luqman ayat 22 - لُقمَان - Page - Juz 21
﴿۞ وَمَن يُسۡلِمۡ وَجۡهَهُۥٓ إِلَى ٱللَّهِ وَهُوَ مُحۡسِنٞ فَقَدِ ٱسۡتَمۡسَكَ بِٱلۡعُرۡوَةِ ٱلۡوُثۡقَىٰۗ وَإِلَى ٱللَّهِ عَٰقِبَةُ ٱلۡأُمُورِ ﴾
[لُقمَان: 22]
﴿ومن يسلم وجهه إلى الله وهو محسن فقد استمسك بالعروة الوثقى وإلى﴾ [لُقمَان: 22]
Ba Sein ၂၂။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံနာခံသောရည်ရွယ်ချက်ဖြင့် ကုသိုလ်ကောင်းမှုပြုအ့ံ၊ ထိုသူသည် တောင့်တင်းခိုင်မာသောကြိုးစကို မုချအမှန်ဆုပ်ကိုင်ဆွဲမိသည်မည်၏၊ အရာခပ်သိမ်းကုန်တို့၏ အကျိုးဆက်ကို အလ္လာဟ်အရှင်မြတ်စိုးပိုင်တော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကိုအလ္လာဟ်အရှင်မြတ် အထံတော်သို့ လုံးဝအပ်နှင်းလွှဲအပ် သည့်ပြင်၊ ထိုသူသည် ကောင်းမှုပြုသူလည်းဖြစ်ပါမူ၊ မလွဲဧကန် ထိုသူသည် လွန်စွာခိုင်မြဲသော ကြိုးကွင်းကိုဆွဲကိုင်၍ ထားရှိပြီဖြစ်၏။စင်စစ် အမှုကိစ္စအလုံးစုံတို့၏ အဆုံးသတ်ခြင်းမှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ဖြစ်၏။ |
Hashim Tin Myint ထို့ပြင် မည်သူမဆို (အမှန်နောက်လိုက်ပြီး) မိမိ၏ဦးတည်ချက်ကို အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်၍(လိုက်နာမှုပြုလျှင်) ထိုသူသည် (စိတ်ထားကောင်းမွန်စွာဖြင့်) ကောင်းကျိုးဆောင်ရွက်သူလည်းဖြစ်လျှင် အမှန်စင်စစ် ထိုသူသည် ခိုင်မြဲသောကြိုးကွင်းကို ဆွဲကိုင်ထားလိုက်ပြီဖြစ်သည်။ ထို့ပြင် ကိစ္စဟူသမျှ၏အဆုံးရလဒ်သည် အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ဖြစ်သည်။ |