Quran with Burmese translation - Surah Luqman ayat 30 - لُقمَان - Page - Juz 21
﴿ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّ مَا يَدۡعُونَ مِن دُونِهِ ٱلۡبَٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ ﴾
[لُقمَان: 30]
﴿ذلك بأن الله هو الحق وأن ما يدعون من دونه الباطل وأن﴾ [لُقمَان: 30]
Ba Sein ၃ဝ။ ဤသို့တန်ခိုးတော်ရှင်ဖြစ်ရခြင်းအကြောင်းရင်းကား အလ္လာဟ်အရှင်မြတ်သည် အရှင်သခင်အစစ်အမှန်ဖြစ်တော် မူ၍ အရှင်မြတ်မှတပါး မိစ္ဆာဒိဋ္ဌိတို့ကိုးကွယ်ရာတို့မှာမူကား ဘုရားအစစ်အမှန်မဟုတ်၊ အတုအပမျှသာဖြစ်သော ကြောင့်တည်း၊ အလ္လာဟ်အရှင်မြတ်သည် အတိုင်းမသိကြီးကဲမြင့်မြတ်တော်မူ၏။ |
Ghazi Mohammad Hashim ဤသည်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်အကန်(ထာဝရတည်ရှိနေတော်မူမည်) ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး၊ထိုသူတို့ဟစ်ခေါ်တမ်းတကြကုန်သော အရာများသည် အမှားပင်(ဖြစ်၍ပျက်စီးသွားကြမည်)သာ ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် လွန်စွာမြင့်မြတ်တော်မူသော၊ လွန်စွာ ကြီးကဲတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint ဤ(အစီစဉ်များဖြစ်နေသည့်အကြောင်းရင်း)ကမူ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် (တည်ရှိနေသည်မှာ) မှန်ကန်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်မှလွဲ၍ သူတို့ ဟစ်ခေါ်နေသည့်အရာများသည် မုချ မှားသည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မားတော်မူသောအရှင်၊ အလွန်ကြီးကျယ် ထူးကဲမြင့်မြတ်တော်မူသောအရှင် ဖြစ်တော်မူသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ |