Quran with Burmese translation - Surah Luqman ayat 29 - لُقمَان - Page - Juz 21
﴿أَلَمۡ تَرَ أَنَّ ٱللَّهَ يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِيٓ إِلَىٰٓ أَجَلٖ مُّسَمّٗى وَأَنَّ ٱللَّهَ بِمَا تَعۡمَلُونَ خَبِيرٞ ﴾
[لُقمَان: 29]
﴿ألم تر أن الله يولج الليل في النهار ويولج النهار في الليل﴾ [لُقمَان: 29]
Ba Sein ၂၉။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် ညဉ့်ကို နေ့အတွင်းသို့၊ နေ့ကို ညဉ့်အတွင်းသို့ သွင်းတော် မူသည်ကို သင်တို့မမြင်ကြသလော၊ အလ္လာဟ်အရှင်မြတ်သည် နေနှင့်လကို အစိုးရတော်မူ၏၊ ၎င်းတို့အား ၎င်းတို့အဖို့အရာ အသီးသီးသတ်မှတ်ထားသောအချိန်တိုင်အောင် သွားလာဝင်ထွက်ခြင်းကို ပြုစေတော်မူ၏၊ သင်တို့ပြုကျင့်သမျှအလုံးစုံတို့ကို အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသည်ကိုလည်း သင်တို့မသိ ကြသလော။ |
Ghazi Mohammad Hashim အသင်သည် မသိမမြင်ခဲ့လေသလော၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ည(၏အစိတ်အပိုင်းများ)ကို နေ့တွင်လည်းကောင်း၊ နေ့(၏ အစိတ်အပိုင်းများ)ကို ညတွင်လည်းကောင်း ဝင်စေတော်မူ၏။ ထို့ပြင်၊ ထိုအရှင်မြတ်သည် ‘နေ’ကိုလည်းကောင်း၊ ‘လ’ ကို လည်းကောင်း နိုင်နင်းစေတော်မူ၏။ယင်း (‘နေ’နှင့်’လ’) အသီးသီးတို့သည် သတ်မှတ်ပြဌာန်းအပ်သော အချိန်ကာလတိုင်အောင် သွားလာလှုပ်ရှားလျက်ပင်ရှိပေမည်။ ထိုမှတစ်ပါး အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint အသင် မသိမြင်ခဲ့သလော၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ည(၏အစိတ်အပိုင်းများ)ကို နေ့ထဲတွင်၊ နေ့(၏အစိတ်အပိုင်းများ)ကို ညထဲတွင် ဝင်စေတော်မူခဲ့သည်။ (သို့ဖြစ်ရာ ညတာ တိုခြင်း ရှည်ခြင်း၊ နေ့တာ တိုခြင်း ရှည်ခြင်း ဖြစ်ပေါ်လာရသည်)။ ထို့ပြင် အရှင်မြတ်သည် နေနှင့်လကို နိုင်နင်းစေတော်မူခဲ့သည်။ သူတို့တစ်ခုစီသည် သတ်မှတ်ပြဋ္ဌာန်းထားသော အချိန်အထိ သွားလာလှုပ်ရှားနေကြမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိတော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ |