Quran with Burmese translation - Surah Luqman ayat 32 - لُقمَان - Page - Juz 21
﴿وَإِذَا غَشِيَهُم مَّوۡجٞ كَٱلظُّلَلِ دَعَوُاْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمۡ إِلَى ٱلۡبَرِّ فَمِنۡهُم مُّقۡتَصِدٞۚ وَمَا يَجۡحَدُ بِـَٔايَٰتِنَآ إِلَّا كُلُّ خَتَّارٖ كَفُورٖ ﴾
[لُقمَان: 32]
﴿وإذا غشيهم موج كالظلل دعوا الله مخلصين له الدين فلما نجاهم إلى﴾ [لُقمَان: 32]
Ba Sein ၃၂။ အကယ်၍သမုဒ္ဒရာလှိုင်းတံပိုးများသည် သူတို့ကို အမိုးအကာကဲ့သို့ လွှမ်းမိုး၍ လာရှိသော် လူသားတို့သည် ထက်သန်သောသဒ္ဓါစေတနာဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ ယုံကြည်ကိုးစားပြီးလျှင် အထံတော်၌ ငိုကြွေး ဆုတောင်းကြ၏၊ သို့သော်အရှင်မြတ်သည် ၎င်းတို့အား ဘေးကင်းကွာချမ်းသာစွာဆိပ်ကမ်းမြေသို့ ဆိုက်ရောက် စေတော်မူသောအခါ ၎င်းတို့အနက်အချို့သောသူတို့သည် ယုံကြည်သူမမည်၊ မိစ္ဆာဒိဋ္ဌိမည်၊ အလယ်ကြား၌ ရှိနေကြ၏၊ အမှန်မှာ သစ္စာဖောက်ကျေးဇူးကန်းတို့မှတပါး ငါအရှင်မြတ်၏ သာဓကတော်များကို ပယ်ရှားသူ မရှိချေ။ |
Ghazi Mohammad Hashim စင်စစ် ၎င်းတို့အား လှိုင်းတံပိုးသည် အမိုးများပမာ ဖုံးလွှမ်းခဲ့သောအခါ၊ ၎င်းတို့သည် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်အဖို့သာ စေတနာ သဒ္ဓါတရားဖြူစင်စွာထားကာ ဟစ်ခေါ်တသကြကုန်၏။ သို့ရာတွင်ထိုအရှင်မြတ်သည် ၎င်းတို့အားကယ်တင်၍ ကုန်းမြေသို့ ပို့ဆောင်တော်မူသောအခါ ၎င်းတို့အနက်အချို့သည် မဇိ္ဈမပဋိပဒါစနစ်ကိုလိုက်၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာ များကိုကျေးဇူးကန်းသော ကတိသစ္စာ ဖောက်ဖျက်သူတိုင်းသာလျှင် ငြင်းပယ်လေ့ရှိကြပေသတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့အား လှိုင်းများသည် အရိပ်များ(အမိုးများ)ကဲ့သို့ လွှမ်းမိုးသည့်အခါ သူတို့သည် ယုံကြည်ချက်ကို အရှင်မြတ်တစ်ပါးတည်းအတွက်သာ သီးသန့်ပြုလုပ်ကြသည့်သူများအဖြစ်နှင့် အလ္လာဟ်အရှင်မြတ်အား ဟစ်ခေါ်တသကြသည်။ ထို့နောက် ငါအရှင်မြတ်က သူတို့အား ကယ်တင်ပြီး ကုန်းပေါ်သို့ပို့လိုက်သည့်အခါ သူတို့ထဲမှ အချို့ကမူ အလယ်အလတ်လမ်းစဉ်ကို လိုက်ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်တော် (ထင်ရှားသောကျေးဇူးတော်)များကို ကျေးဇူးကန်းကတိဖောက်ဖျက်သည့်သူတွေသာ ငြင်းပယ်လေ့ရှိကြသည်။ |