Quran with Burmese translation - Surah Luqman ayat 33 - لُقمَان - Page - Juz 21
﴿يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمۡ وَٱخۡشَوۡاْ يَوۡمٗا لَّا يَجۡزِي وَالِدٌ عَن وَلَدِهِۦ وَلَا مَوۡلُودٌ هُوَ جَازٍ عَن وَالِدِهِۦ شَيۡـًٔاۚ إِنَّ وَعۡدَ ٱللَّهِ حَقّٞۖ فَلَا تَغُرَّنَّكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلۡغَرُورُ ﴾
[لُقمَان: 33]
﴿ياأيها الناس اتقوا ربكم واخشوا يوما لا يجزي والد عن ولده ولا﴾ [لُقمَان: 33]
Ba Sein ၃၃။ အို-လူသားအပေါင်းတို့၊ သင်တို့၏အသက်သခင်ကျေးဇူးရှင်၏ အမှုတော်ကို ထမ်းရွက်ကြလော့၊ မိဘတို့ကလည်း သားသမီးတို့ကို၊ သားသမီးတို့ကလည်း မိဘတို့ကို မကယ်ဆယ်နိုင်သောနေ့တော်ကြီးကို ကြောက်ရွံ့ကြလော့၊ မှတ်သားကြလော့၊ အရှင်မြတ်၏ ကတိသစ္စာတော်သည် မုချဧကန်မှန်ကန်၏၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ သင်တို့ကို လောကီစည်းစိမ်ကာမဂုဏ်က မလှည့်စားစေလင့်၊ ရှိုင်တန်မာရ်နတ်ကိုလည်း ဖြားယောင်းခြင်းကို မပြုစေလင့်။ |
Ghazi Mohammad Hashim အို-လူသားအပေါင်းတို့ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် ဖခင်တစ်ဦးတစ်ယောက်မျှပင် မိမိသားအဖို့ အသုံးမဝင်သည့်အပြင်၊မည်သည့် သားတစ်ဦးတစ်ယောက်မျှသည်လည်း မိမိဖခင်အဖို့လုံးဝအသုံးဝင်မည် မဟုတ်သောနေ့ကို စိုးရိမ်ကြလေကုန်။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိသည် မှန်ကန်သောကတိပင်ဖြစ်၏။ သို့ဖြစ်ပေရာ လောကီဘဝ၌ အသက်ရှင်ခြင်းသည် အသင်တို့အား လှည့်ဖြားခြင်းမပြုစေရ။ ထိုနည်းတူစွာ၊ထိုလှည့်စားသူ (ရှိုင်တွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လှည့်ဖြားခြင်း မပြုစေရပေတကား။ |
Hashim Tin Myint အို- လူသားအပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် မည်သည့်ဖခင်တစ်ဦးကမှ သူ၏သားအတွက် အထောက်အကူမပြုနိုင်သည့်အပြင်၊ မည်သည့်သားတစ်ဦးကမှလည်း သူ၏ဖခင်အတွက် အထောက်အကူပြုနိုင်မည်မဟုတ်သည့်နေ့အား စိုးရိမ်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မှန်ကန်သည်။ သို့ဖြစ်ရာ ဤဘဝတွင် အသက်ရှင်ခြင်းက အသင်တို့အား လုံးဝ မလှည့်ဖြားစေနှင့်။ ထို့ပြင် ထိုလှည့်စားသူ (ရှိုင်သွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မလှည့်ဖြားစေနှင့်။ |