Quran with Burmese translation - Surah As-Sajdah ayat 20 - السَّجدة - Page - Juz 21
﴿وَأَمَّا ٱلَّذِينَ فَسَقُواْ فَمَأۡوَىٰهُمُ ٱلنَّارُۖ كُلَّمَآ أَرَادُوٓاْ أَن يَخۡرُجُواْ مِنۡهَآ أُعِيدُواْ فِيهَا وَقِيلَ لَهُمۡ ذُوقُواْ عَذَابَ ٱلنَّارِ ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ ﴾
[السَّجدة: 20]
﴿وأما الذين فسقوا فمأواهم النار كلما أرادوا أن يخرجوا منها أعيدوا فيها﴾ [السَّجدة: 20]
Ba Sein ၂ဝ။ အကြင်သူတို့သည် ဒုစရိုက်မကောင်းမှုများကို ကျူးလွန်ကြအ့ံ၊ ထိုသူတို့နေထိုင်စံစားဖို့ရာ ငရဲမီးအသင့်ရှိ၏၊ သူတို့သည် ငရဲမီးမှ ထွက်ပြေးသောအခါတိုင်း သူတို့ကို မီးအတွင်းသို့ ပြန်ယူခဲ့၏၊ ထိုသူညစ်တို့အား မိန့်တော် မူသည်မှာ သင်တို့မရှိဟု ငြင်းသောငရဲမီး၏နှိပ်စက်ညှင်းပန်းခြင်းကို မြည်းကြလော့။ |
Ghazi Mohammad Hashim သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အမိန့်တော်ကိုဖီဆန်ခဲ့ကြကုန်သော သူတို့၏ခိုလှုံရန်ဌာနမှာမူကား ငရဲပင်ဖြစ်လေ၏။ ၎င်းတို့သည် မည်သည့်အခါမျိုးမဆို ယင်းငရဲမှထွက်ရန် ကြံရွယ်ခဲ့ကြလျှင် ထိုငရဲမီးထဲသို့ပင် ပြန်လည်တွန်းပို့ြ့ခင်းကိုခံကြရပေမည်။ ထိုမှတစ်ပါး ၎င်းတို့မှာ အသင်တို့သည်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်လျက် ရှိခဲ့ကြကုန်သော ငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟု ပြောဆိုခြင်းကိုလည်းခံကြရပေမည်။ |
Hashim Tin Myint ထို့ပြင် မည်သို့ပင်ဖြစ်စေ၊ အမိန့်တော်ကို ဖီဆန်ခဲ့ကြသည့်သူများ၏ နေထိုင်ရာဌာနကမူ ငရဲပင်ဖြစ်သည်။ သူတို့သည် မည်သည့်အခါပင်ဖြစ်စေ ငရဲထဲမှထွက်ရန် ကြံရွယ်ခဲ့လျှင် ထိုငရဲမီးထဲသို့ပင် ပြန်တွန်းပို့ခြင်းခံကြရမည်။ ထို့ပြင် သူတို့အား “အသင်တို့သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲကြသော ထိုငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ“ဟု ပြောဆိုခြင်းကို ခံကြရဦးမည်ဖြစ်သည်။ |