Quran with Burmese translation - Surah As-Sajdah ayat 21 - السَّجدة - Page - Juz 21
﴿وَلَنُذِيقَنَّهُم مِّنَ ٱلۡعَذَابِ ٱلۡأَدۡنَىٰ دُونَ ٱلۡعَذَابِ ٱلۡأَكۡبَرِ لَعَلَّهُمۡ يَرۡجِعُونَ ﴾
[السَّجدة: 21]
﴿ولنذيقنهم من العذاب الأدنى دون العذاب الأكبر لعلهم يرجعون﴾ [السَّجدة: 21]
Ba Sein ၂၁။ ထို့အပြင်သူတို့သည် သမ္မာတရားလမ်းတော်သို့ ပြန်ရောက်ကောင်းရောက်စေခြင်းငှာ သူတို့အား အပြစ်ဒဏ်ကြီး ကို မပေးမီ အပြစ်ဒဏ်ငယ်ကိုလည်း မုချဧကန်မြည်းစေတော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုတွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကိုစွန့်ပြီး) ပြန်လှည့်၍လာကြအံ့သောငှာ မုချစင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ထိုကြီးစွာသောပြစ်ဒဏ်အပြင် ဤပစ္စက္ခတွင်ပင် သေးငယ်သောပြစ်ဒဏ်ကိုလည်း မြည်း စမ်းစေအုံးမည်။ |
Hashim Tin Myint ထို့ပြင် သူတို့သည် (သူတု့ိ၏တွဲဖက်ကိုးကွယ်ရာများမှစွန့်ပြီး) ပြန်လှည့်လာကြရန်အတွက် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ထိုပြစ်ဒဏ်ကြီးမပေးသေးမီ ဤဘဝတွင် ပြစ်ဒဏ်ငယ်လေးနှင့် (သတိပေး)မြည်းစမ်းစေဦးမည်ဖြစ်သည်။ |