Quran with Burmese translation - Surah As-Sajdah ayat 5 - السَّجدة - Page - Juz 21
﴿يُدَبِّرُ ٱلۡأَمۡرَ مِنَ ٱلسَّمَآءِ إِلَى ٱلۡأَرۡضِ ثُمَّ يَعۡرُجُ إِلَيۡهِ فِي يَوۡمٖ كَانَ مِقۡدَارُهُۥٓ أَلۡفَ سَنَةٖ مِّمَّا تَعُدُّونَ ﴾
[السَّجدة: 5]
﴿يدبر الأمر من السماء إلى الأرض ثم يعرج إليه في يوم كان﴾ [السَّجدة: 5]
Ba Sein ၅။ အလ္လာဟ်အရှင်မြတ်သည် အထေက်အကောင်းကင်ဘုံမှ မြေပြင်သို့ အခွင့်ကိစ္စဟူသမျှတို့ကို စီစဉ်ပေးတော်မူ၏၊ ထို့နောက်တဖန်ထိုအခွင့်ကိစ္စများသည် အရှင်မြတ်အထံတော်သို့ နေ့ခြင်းပင် ပြန်တက်ကြရ၏၊ ထိုနေ့တစ်နေ့သည် လောကီနှစ်ပေါင်းတစ်ထောင်နှင့်ညီမျှ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ပထဝီမြေအထိ အမှုကိစ္စအရပ်ရပ်တို့ကို စီမံခန့်ခွဲတော်မူ၏။ ထို့နောက်ယင်းအမှုကိစ္စတို့မှာ အသင်တို့ရေတွက်ကြကုန်သော အရေအတွက်ဖြင့် အနှစ်တစ်ထောင်အတိုင်း အတာရှိသော နေ့တစ်နေ့တွင် ထိုအရှင်မြတ် အထံတော်သို့ တက်သွားပေမည်။ |
Hashim Tin Myint အရှင်မြတ်သည် မိုးကောင်းကင်မှ မြေပထဝီအထိ ကိစ္စဟူသမျှကို စီမံခန့်ခွဲတော်မူသည်။* ထို့ပြင် ထိုကိစ္စများသည် အသင်တို့ရေတွက်ကြသော အရေအတွက်နှင့် နှစ်ပေါင်းတစ်ထောင်အတိုင်းအတာရှိသည့် နေ့တစ်နေ့တွင်* အရှင်မြတ်ထံတော်သို့ တက်သွားမည်ဖြစ်သည်။ |