Quran with Burmese translation - Surah As-Sajdah ayat 4 - السَّجدة - Page - Juz 21
﴿ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ مَا لَكُم مِّن دُونِهِۦ مِن وَلِيّٖ وَلَا شَفِيعٍۚ أَفَلَا تَتَذَكَّرُونَ ﴾
[السَّجدة: 4]
﴿الله الذي خلق السموات والأرض وما بينهما في ستة أيام ثم استوى﴾ [السَّجدة: 4]
Ba Sein ၄။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေပြင်မိုးကောင်းကင်နှင့်တကွ ထိုနှစ်ရပ်အကြားရှိ အရာဝထ္ထုအပေါင်းတို့ကို ခြောက်ရက်ကာလမျှနှင့် ပြီးစီးအောင်ဖန်ဆင်းတော်မူ၏၊ ထို့နောက်အရှင်မြတ်သည် ရာဇပလ္လင်တော်ကြီးအပေါ်သို့ တက်၍ စံမြန်းတော်မူ၏၊ အို-လူသားအပေါင်းတို့၊ သင်တို့၌ အရှင်မြတ်မှတပါး အခြားကာကွယ်စောင့်ရှောက်သူ အဆွေခင်ပွန်းသော်လည်းကောင်း၊ ရန်ဖြေဖြန်သူသော်လည်းကောင်း၊ တစ်စုံတစ်ယောက်မျှမရှိချေ၊ ထို့ကြောင့် သင်တို့သည် တရားတော်ကို အာရုံပြုကြမည်မဟုတ်လော။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုး ကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ ကိုလည်းကောင်း၊ခြောက်ရက်တွင် ဖန်ဆင်းတော်မူပြီး နောက် အရ်ရှ် ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ အသင်တို့အဖို့ ထိုအရှင်မြတ်အပြင် ကူညီစောင်မမည့်သူ၊ ကြားဝင် အသနားခံပေးမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။ သို့ပါလျက်အသင်တို့ သတိမမူ နားမလည်ကြလေသလော။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်များနှင့်၊ မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအရာများကို ခြောက်ရက်(နှင့်ညီမျှသောအချိန်)ဖြင့် ဖန်ဆင်းပြီးနောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်တော်အပေါ်တွင် (၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့်ထိုက်တန်တော်မူသည့်အတိုင်း စံမြန်းနေ)တော်မူသည်။ အသင်တို့အတွက် ထိုအရှင်မြတ်အပြင် ကူညီမည့်သူနှင့် ကြားဝင်အသနားခံပေးမည့်သူဟူ၍ မည်သူမျှမရှိပေ။ ထို့နောက်လည်း အသင်တို့သည် သတိတရားမရကြလေသလော။ |