Quran with Burmese translation - Surah Al-Ahzab ayat 10 - الأحزَاب - Page - Juz 21
﴿إِذۡ جَآءُوكُم مِّن فَوۡقِكُمۡ وَمِنۡ أَسۡفَلَ مِنكُمۡ وَإِذۡ زَاغَتِ ٱلۡأَبۡصَٰرُ وَبَلَغَتِ ٱلۡقُلُوبُ ٱلۡحَنَاجِرَ وَتَظُنُّونَ بِٱللَّهِ ٱلظُّنُونَا۠ ﴾
[الأحزَاب: 10]
﴿إذ جاءوكم من فوقكم ومن أسفل منكم وإذ زاغت الأبصار وبلغت القلوب﴾ [الأحزَاب: 10]
Ba Sein ၁ဝ။ ထိုရန်သူတို့သည် သင်တို့နယ်မြေ၏ အထက်ပိုင်းအောက်ပိုင်းတို့မှ ဝန်းအုံချီတက်လာသောအခါ သင်တို့သည် မျက်လုံးမျက်ဆံဝိုင်းအောင် အ့ံအားသင့်လျက် ကြောက်ရွံ့စိုးရိမ်မငြိမ်သောသင်တို့၏ နှလုံးကား လည်မျိုသို့ ရောက်လုမတတ်ရှိ၏၊ ထိုအခါသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အမျိုးမျိုးအဖုံဖုံမတရာတွေးထင်ကြ၏။ |
Ghazi Mohammad Hashim အကြင်အခါဝယ် ထိုစစ်တပ်များသည် အသင်တို့၏ အထက်ဘက်မှလည်းကောင်း၊ အသင်တို့၏ အောက်ဘက်မှလည်းကောင်း၊ (စုရုံး) ချီတက်လာခဲ့ကြကုန်၏။ ထိုမှတစ်ပါးအကြင်အခါဝယ် မျက်စိများသည် (ကြောက်ရွံ့ထိတ်လန့်မှုကြောင့်) ပြူး၍သွားခဲ့ကြကုန်၏။ ထို့ပြင် နှလုံးများမှာလည်းလည်မျိုသို့ရောက်ရှိ၍သွားခဲ့ကြ၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အမျိုးမျိုးသောထင်မြင်ယူဆချက်များကို ထင်မြင်ယူဆခဲ့ကြကုန်သတည်း။ |
Hashim Tin Myint ထိုစဉ်က ထိုစစ်တပ်များသည် အသင်တို့၏အထက်ဘက်မှသာမက အသင်တို့၏အောက်ဘက်မှလည်း ချီတက်လာခဲ့ကြသည်။ ထို့ပြင် ထိုစဉ်က(ကြောက်လန့်ပြီး)မျက်စိများသည် ပြူးကျယ်သွားခဲ့ကြသည်။ ထို့ပြင် နှလုံးများသည်လည်း လည်မျိုများသို့ ရောက်ရှိသွားခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် အမျိုးမျိုး ထင်မြင်ယူဆချက်များကို ထင်မြင်ယူဆခဲ့ကြသည်။ |