Quran with Burmese translation - Surah Al-Ahzab ayat 9 - الأحزَاب - Page - Juz 21
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱذۡكُرُواْ نِعۡمَةَ ٱللَّهِ عَلَيۡكُمۡ إِذۡ جَآءَتۡكُمۡ جُنُودٞ فَأَرۡسَلۡنَا عَلَيۡهِمۡ رِيحٗا وَجُنُودٗا لَّمۡ تَرَوۡهَاۚ وَكَانَ ٱللَّهُ بِمَا تَعۡمَلُونَ بَصِيرًا ﴾
[الأحزَاب: 9]
﴿ياأيها الذين آمنوا اذكروا نعمة الله عليكم إذ جاءتكم جنود فأرسلنا عليهم﴾ [الأحزَاب: 9]
Ghazi Mohammad Hashim အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (ပြုတော်မူခဲ့သော) ကျေးဇူးတော်ကို ပြန်လည်သတိရရှိ ကြလေကုန်။ အခါတစ်ပါး၌ အသင်တို့ထံသို့ များစွာသော စစ်တပ်များသည်(တိုက်ခိုက်ရန်)ချီတက်၍လာခဲ့ကြကုန်၏။ ထို့ နောက်ငါအရှင်မြတ်သည်စစ်တပ်များအပေါ်၌ လေပြင်းတစ်ခုကိုလည်းကောင်း၊ အသင်တို့မမြင်ကြရသော စစ်တပ်များကိုလည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်လျက်ရှိခဲ့ကြသည် တို့ကိုကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အသင်တို့အပေါ်တွင် (ပြုတော်မူခဲ့သည့်) အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ပြန်လည် သတိရကြပါ။ တစ်ခါက အသင်တို့ထံသို့ စစ်တပ်အမြောက်အမြားသည် (တိုက်ခိုက်ရန်) ချီတက်လာခဲ့ကြသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုစစ်တပ်များအပေါ်တွင် လေပြင်းတစ်ခုနှင့် အသင်တို့မမြင်ရသော စစ်တပ်များကို* စေလွှတ်(သုတ်သင်စေ)တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်နေသည်များကို အလွန်မြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ |