Quran with Burmese translation - Surah Al-Ahzab ayat 17 - الأحزَاب - Page - Juz 21
﴿قُلۡ مَن ذَا ٱلَّذِي يَعۡصِمُكُم مِّنَ ٱللَّهِ إِنۡ أَرَادَ بِكُمۡ سُوٓءًا أَوۡ أَرَادَ بِكُمۡ رَحۡمَةٗۚ وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيّٗا وَلَا نَصِيرٗا ﴾
[الأحزَاب: 17]
﴿قل من ذا الذي يعصمكم من الله إن أراد بكم سوءا أو﴾ [الأحزَاب: 17]
Ba Sein ၁၇။ အို-တမန်တော်၊ ဆက်လက်၍ဟောပြောလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ဘေးဥပါဒ်ကျတော်မူသည်ဖြစ်၍ ကျေးဇူးကျတော်မူသည်ဖြစ်စေ၊ သင်တို့အား အဘယ်သူသည် အလ္လာဟ်အရှင် မြတ်၏ လက်တော်မှ ကားဆီးထားနိုင်သနည်း၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအဆွေခင်ပွန်းကိုသော် လည်းကောင်း၊ ကူညီစောင့်ရှောက်မည့်သူကိုသော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကိုမှ သူတို့ရှာဖွေရနိုင်မည် မဟုတ်ချေ။ |
Ghazi Mohammad Hashim အို-နဗီတမန်တော်၊ အသင်သည် ပြောကြားပါလေ၊ (အချင်းတို့) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည်အသင်တို့နှင့် ပတ်သက်၍ ဘေးအန္တရာယ် တစ်စုံတစ်ရာကိုရည်စူးတော်မူခဲ့သည်ရှိသော် မည်သူသည် အသင်တို့အား ထိုအရှင်မြတ်၏(ပြစ်ဒဏ်)မှ ကာကွယ်စောင့်ရှောက်နိုင်အံ့နည်း။သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အသင်တို့နှင့်ပတ်သက်၍ကျေးဇူးတစ်စုံတစ်ရာကို ရည်စူးတော်မူခဲ့ပါလျှင် (မည်သူသည်ပိတ်ပင်တားဆီးနိုင်အံ့နည်း)။ ထိုမှတစ်ပါး ၎င်းတို့သည်အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့အဖို့ ကူညီအားပေးသူတစ်ဦးတစ်ယောက်ကိုမျှလည်း တွေ့ရှိကြမည်မဟုတ်ပေ။ ကာကွယ်သူတစ်ဦးတစ်ယောက်ကိုမျှလည်း တွေ့ရှိကြမည်မဟုတ်ပေတကား။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့်ပတ်သက်၍ ဘေးဒုက္ခတစ်စုံတစ်ခုကို ရည်ရွယ်တော်မူခဲ့လျှင် အသင်တို့အား ထိုအရှင်မြတ်၏(ပြစ်ဒဏ်)မှ မည်သူသည် ကာကွယ်စောင့်ရှောက်မည်နည်း။ သို့မဟုတ် အရှင်မြတ်သည် အသင်တို့နှင့်ပတ်သက်၍ ကျေးဇူးတစ်စုံတစ်ခုကို ရည်ရွယ်တော်မူလျှင် (မည်သူ ပိတ်ပင်နိုင်သနည်း)။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် သူတို့အတွက် ကူညီမည့်သူ မည်သူမျှ တွေ့ရမည်မဟုတ်ပေ။ ကာကွယ်မည့်သူလည်း မည်သူမျှ တွေ့ရမည်မဟုတ်ပေ။ |