Quran with Burmese translation - Surah Al-Ahzab ayat 18 - الأحزَاب - Page - Juz 21
﴿۞ قَدۡ يَعۡلَمُ ٱللَّهُ ٱلۡمُعَوِّقِينَ مِنكُمۡ وَٱلۡقَآئِلِينَ لِإِخۡوَٰنِهِمۡ هَلُمَّ إِلَيۡنَاۖ وَلَا يَأۡتُونَ ٱلۡبَأۡسَ إِلَّا قَلِيلًا ﴾
[الأحزَاب: 18]
﴿قد يعلم الله المعوقين منكم والقائلين لإخوانهم هلم إلينا ولا يأتون البأس﴾ [الأحزَاب: 18]
Ba Sein ၁၈။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် သူတပါးတို့အား စစ်ဝင်မတိုက်ရန် တားဆီးသူတို့ကိုသော်လည်းကောင်း၊ မိမိတို့သားချင်းတို့အား ငါတို့ထံသို့ လာကြပါလော့ဟု ခေါ်ကြသူတို့ကိုသော်လည်းကောင်း၊ သိမြင်နှင့်တော်မူ၏၊ သူတို့သည် ရန်သူတို့ကို စိတ်ပါကိုယ်ရောက်တိုက်ကြသည်မဟုတ်၊ ဝတ်ကျေရုံအနည်းငယ်မျှတိုက်ခိုက်ကြ၏။ |
Ghazi Mohammad Hashim အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် နှောင့်ယှက်တားဆီးကြသောသူတို့အား လည်းကောင်း၊ မိမိတို့၏ညီအစ်ကိုများအား အသင်တို့သည် ကျွန်ုပ်တို့ထံလာခဲ့ကြကုန်လော့ ဟု ပြောဆိုကြကုန်သော သူတို့အားလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူ၏။ စင်စစ်သော်ကား၎င်းတို့သည် အမည်ခံအားဖြင့်သာလျှင် စစ်တိုက်ရာသို့လာကြကုန်၏။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ တားဆီးနှောင့်ယှက်သူများနှင့် သူတို့၏ညီအစ်ကိုများအား “အသင်တို့သည် ကျွန်ုပ်တို့ထံသို့ လာခဲ့ကြပါ“ဟု ပြောဆိုကြသည့်သူများကို သိရှိတော်မူသည်။ ထို့ပြင် သူတို့ကိုယ်တိုင်မှာမူ စစ်တိုက်ရာသို့ လာကြသည်မရှိပေ၊ သို့ရာတွင် အနည်းငယ်မျှသာ လာကြသည်ဖြစ်၏။ |