×

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သင်တို့သည် သေဘေးမှသော်လည်းကောင်း၊ (စစ်ပွဲ၌) အသတ်ခံရမည့်ဘေးမှသော်လည်းကောင်း၊ ထွက်ပြေးခဲ့ကြသော် သင်တို့၏ထွက်ပြေးခြင်းသည် သင်တို့အတွက် အလျှင်း 33:16 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:16) ayat 16 in Burmese

33:16 Surah Al-Ahzab ayat 16 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 16 - الأحزَاب - Page - Juz 21

﴿قُل لَّن يَنفَعَكُمُ ٱلۡفِرَارُ إِن فَرَرۡتُم مِّنَ ٱلۡمَوۡتِ أَوِ ٱلۡقَتۡلِ وَإِذٗا لَّا تُمَتَّعُونَ إِلَّا قَلِيلٗا ﴾
[الأحزَاب: 16]

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သင်တို့သည် သေဘေးမှသော်လည်းကောင်း၊ (စစ်ပွဲ၌) အသတ်ခံရမည့်ဘေးမှသော်လည်းကောင်း၊ ထွက်ပြေးခဲ့ကြသော် သင်တို့၏ထွက်ပြေးခြင်းသည် သင်တို့အတွက် အလျှင်း အကျိုးရှိစေမည်မဟုတ်ပေ။ မည်သို့ဆိုစေ သင်တို့သည် (ထိုသို့ထွက်ပြေးခြင်းဖြင့် လောကီခံစားခွင့် အကျိုးအမြတ်များကို သတ်မှတ်ပြဌာန်းထားတော်မူသည့်အချိန်အထိ) အနည်းငယ်မျှမှအပ အကျိုးခံစားရမည်လည်း မဟုတ်ပေ။'' ဟောပြောလော့။

❮ Previous Next ❯

ترجمة: قل لن ينفعكم الفرار إن فررتم من الموت أو القتل وإذا لا, باللغة البورمية

﴿قل لن ينفعكم الفرار إن فررتم من الموت أو القتل وإذا لا﴾ [الأحزَاب: 16]

Ba Sein
၁၆။ အို-တမန်တော်၊ ဆက်လက်၍ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့သည် ရိုးရိုးသေရသောဘေးမှသော် လည်းကောင်း၊ သတ်ဖြတ်၍ သေရသောဘေးမှသော်လည်းကောင်း၊ ရုန်းကန်ထွက်ပြေး၍ မလွတ်နိုင်ချေ၊ သို့ဖြစ်၍လောကီစည်းစိမ်တွင် တစ်ခဏမျှနစ်မွန်းနေကြလော့။
Ghazi Mohammad Hashim
အို-နဗီတမန်တော်၊ အသင်သည် ပြောကြားပါလေ၊(အို-အချင်းတို့) အကယ်၍ အသင်တို့သည် သေဘေးမှသော်လည်းကောင်း၊ အသတ်ခံရမည့်ဘေးမှ သော်လည်းကောင်း၊ ထွက်ပြေးခဲ့ကြလေသော် အသင်တို့အား ယင်းထွက်ပြေးခြင်းသည် အလျှင်းအကျိုးရှိ စေမည်မဟုတ်ပေ။ ၎င်းပြင်ထိုအခါ အသင်တို့သည်(ထွက်ပြေးခြင်းဖြင့်) အနည်းငယ်မျှမှအပ အကျိုးခံစား ရမည်လည်း မဟုတ်ပေ။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အကယ်၍ အသင်တို့သည် ‌သေ‌ဘေးနှင့် အသတ်ခံရမည့်‌ဘေးမှ ထွက်‌ပြေးခဲ့ကြလျှင် အသင်တို့အား ထိုထွက်‌ပြေးခြင်းက မည်သည့်အရာမျှ အကျိုးရှိ‌စေမည် မဟုတ်‌ပေ။ ထို့ပြင် သို့ဖြစ်လျှင် အသင်တို့သည် (ထွက်‌ပြေးပြီး)အချိန်အနည်းငယ်မှလွဲ၍ အကျိုးခံစားရမည်လည်း မဟုတ်‌ပေ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek