×

ဧကန်ပင်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်နောင်တမလွန်နောက်ဆုံးနေ့ကို မျှော်လင့်ကိုးစား၍ အလ္လာဟ်အရှင်မြတ်အား များစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလျှင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော 33:21 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:21) ayat 21 in Burmese

33:21 Surah Al-Ahzab ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 21 - الأحزَاب - Page - Juz 21

﴿لَّقَدۡ كَانَ لَكُمۡ فِي رَسُولِ ٱللَّهِ أُسۡوَةٌ حَسَنَةٞ لِّمَن كَانَ يَرۡجُواْ ٱللَّهَ وَٱلۡيَوۡمَ ٱلۡأٓخِرَ وَذَكَرَ ٱللَّهَ كَثِيرٗا ﴾
[الأحزَاب: 21]

ဧကန်ပင်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်နောင်တမလွန်နောက်ဆုံးနေ့ကို မျှော်လင့်ကိုးစား၍ အလ္လာဟ်အရှင်မြတ်အား များစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလျှင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော အကောင်းဆုံး စံနမူနာသည် ရှိ၏။

❮ Previous Next ❯

ترجمة: لقد كان لكم في رسول الله أسوة حسنة لمن كان يرجو الله, باللغة البورمية

﴿لقد كان لكم في رسول الله أسوة حسنة لمن كان يرجو الله﴾ [الأحزَاب: 21]

Ba Sein
၂၁။ အို-လူသားအပေါင်းတို့၊ သင်တို့အနက် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို မျှော်လင့်ကိုးစား၍ အလ္လာဟ်အရှင်မြတ်ကို မကြာခဏအာရုံပြုသူအဖို့အရာ အရှင်မြတ်၏ တမန်တော်သည် အလွန်မွန်မြတ်သော စံနမူနာမုချအမှန်ဖြစ်၏။
Ghazi Mohammad Hashim
ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ကြောက်ရွံ့သည့်ပြင် အလ္လာဟ်အရှင်မြတ်အား များစွာ အောက်မေ့တçသç သတိရလျက်ရှိသူ၏အဖို့ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိပေသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek