×

အမှန်စင်စစ်သော်ကား သက်ဝင်ယုံကြည်သောသူတို့သည် ရန်သူမဟာမိတ်အဖွဲ့တို့အား (သူတို့၏ရှေ့ တွင်) တွေ့မြင်ကြသောအခါ ''ဤသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်မြတ်တို့က ကျွန်ုပ်တို့အား ကတိပေးထားသည့်ကိစ္စပင် ဖြစ်၏။ စင်စစ် 33:22 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:22) ayat 22 in Burmese

33:22 Surah Al-Ahzab ayat 22 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 22 - الأحزَاب - Page - Juz 21

﴿وَلَمَّا رَءَا ٱلۡمُؤۡمِنُونَ ٱلۡأَحۡزَابَ قَالُواْ هَٰذَا مَا وَعَدَنَا ٱللَّهُ وَرَسُولُهُۥ وَصَدَقَ ٱللَّهُ وَرَسُولُهُۥۚ وَمَا زَادَهُمۡ إِلَّآ إِيمَٰنٗا وَتَسۡلِيمٗا ﴾
[الأحزَاب: 22]

အမှန်စင်စစ်သော်ကား သက်ဝင်ယုံကြည်သောသူတို့သည် ရန်သူမဟာမိတ်အဖွဲ့တို့အား (သူတို့၏ရှေ့ တွင်) တွေ့မြင်ကြသောအခါ ''ဤသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်မြတ်တို့က ကျွန်ုပ်တို့အား ကတိပေးထားသည့်ကိစ္စပင် ဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်မြတ်တို့သည် ဖြောင့်မတ် မှန်ကန်သောသစ္စာတရားကိုသာ မိန့်ကြားခဲ့၏။'' ဟု ပြောဆိုကြ၏။ ထို့ပြင် ယင်းကိစ္စသည် သူတို့၌ ယုံကြည်မှု နှင့်ကိုယ်စိတ်နှလုံးအား အရှင့်ထံ အပ်နှံ၍ နာခံလိုက်နာလိုသော စိတ်အားထက်သန်မှုကိုသာ တိုးပွားစေခဲ့၏။

❮ Previous Next ❯

ترجمة: ولما رأى المؤمنون الأحزاب قالوا هذا ما وعدنا الله ورسوله وصدق الله, باللغة البورمية

﴿ولما رأى المؤمنون الأحزاب قالوا هذا ما وعدنا الله ورسوله وصدق الله﴾ [الأحزَاب: 22]

Ba Sein
၂၂။ ထို့အပြင်ယုံကြည်သူအစစ်တို့သည် မဟာမိတ်စစ်သည်တော်များကို တွေ့မြင်ရသောအခါ သူတို့က ဤအရေး တော်သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော် ချိန်းချက်ကတိဗျာဒိတ်ခပ်နှိပ်တော်မူသောအရေး တော်ပုံတည်းဟု ဆိုကြ၏၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်သည် ဟုတ်မှန်ရာကိုသာ ဗျာဒိတ်ပေးတော်မူ၏၊ ဤအရေးတော်ပုံသည် သူတို့၏ယုံကြည်မှုအယူဝါဒနှင့် အရှင်မြတ်အား ကျိုးနွံနာခံမှု တို့ကို သာလွန်ထက်သန်စေ၏။
Ghazi Mohammad Hashim
အမှန်စင်စစ်သော်ကား မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့သည် သွေးစည်းထားသောအုပ်စု တို့အားတွေ့မြင်ခဲ့ကြသောအခါ ဤသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်မြတ်သည်လည်းကောင်း၊ ချိန်းချက်တော်မူခဲ့သောကိစ္စပင်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ် တမန်တော်မြတ်သည်လည်းကောင်း၊ မှန်ကန်စွာ(သတင်းပေး)မိန့်ကြားတော်မူခဲ့သည်ဟုပြောဆိုကြကုန်၏။ ထိုမှတစ်ပါး ယင်းကိစ္စသည် ၎င်းတို့၌ အီမာန်ယုံကြည်မှုနှင့်လိုက်နာမှုကိုသာ တိုးပွားများပြားစေခဲ့လေသတည်း။
Hashim Tin Myint
ထို့ပြင် အီမာန်ယုံကြည်သူများသည် စု‌ပေါင်းထားသည့် မဟာမိတ်အုပ်စုများကို ‌တွေ့မြင်ကြသည့်အခါ “ဤသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က ချိန်းဆို‌တော်မူခဲ့သည့်ကိစ္စပင် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်သည် မှန်ကန်စွာ မိန့်‌တော်မူခြင်းဖြစ်သည်“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် ထိုကိစ္စသည် သူတို့တွင် အီမာန်ယုံကြည်မှုနှင့် လိုက်နာမှုကိုပင် တိုးပွား‌စေခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek