Quran with Burmese translation - Surah Al-Ahzab ayat 20 - الأحزَاب - Page - Juz 21
﴿يَحۡسَبُونَ ٱلۡأَحۡزَابَ لَمۡ يَذۡهَبُواْۖ وَإِن يَأۡتِ ٱلۡأَحۡزَابُ يَوَدُّواْ لَوۡ أَنَّهُم بَادُونَ فِي ٱلۡأَعۡرَابِ يَسۡـَٔلُونَ عَنۡ أَنۢبَآئِكُمۡۖ وَلَوۡ كَانُواْ فِيكُم مَّا قَٰتَلُوٓاْ إِلَّا قَلِيلٗا ﴾
[الأحزَاب: 20]
﴿يحسبون الأحزاب لم يذهبوا وإن يأت الأحزاب يودوا لو أنهم بادون في﴾ [الأحزَاب: 20]
Ba Sein ၂ဝ။ ထိုသူယုတ်တို့က အမျိုးလိုက်အစုလိုက်မဟာမိတ်ဖွဲ့လာသောစစ်သားသူရဲများသည် အမြဲတစ်ခေါက်သွားသည် မထင်ကြချေ၊ ထို့အပြင်ထိုရန်သူများတဖန်ချီတက်လာသောအခါ ထိုသူယုတ်တို့သည် တောကျေးလက်သို့ပြေး၍ လူရိုင်းတောသာားများနှင့်အတူတကွနေထိုင်ပြီးလျှင် သင်တို့အရှုံးအနိုင်သတင်းကိုသာ လူကြံုတိုင်းမေး၍ နေလို သောဆန္ဒရှိကြလတ့ံ၊ အကယ်၍ ထိုသူမိုက်တို့သည် သင်တို့နှင့်အတူတကွရှိသော် သူတို့သည် ရန်သူတို့ကို ရဲဝ့ံစွာတိုက်ခိုက်ကြမည်မဟုတ်၊ ဝတ်ကျေဝတ်ကုန်အနည်းငယ်မျှသာတိုက်ကြလိမ့်မည်။ |
Ghazi Mohammad Hashim ၎င်းတို့သည် သွေးစည်းထားသော (ကာဖိရ်မဟာမိတ်)အုပ်စုတို့မှာ (ယခုတိုင်အောင်) မသွားကြသေး ဟုထင်မှတ်နေကြကုန်၏။ သို့ရာတွင် ထိုသွေးစည်းထားသော အုပ်စုများရောက်ရှိ၍ လာကြလျှင်၊ ၎င်းတို့မှာ အကယ်၍ ကျွန်ုပ်တို့သည် ကျေး လက်တောရွာများ၌ နေထိုင်ခဲ့ကြပြီး အသင်တို့၏သတင်းများ စုံစမ်းမေးမြန်းလျက်ရှိကြသော် ကောင်း လေစွဟု နှစ်သက်လိုလားကြပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်တို့နှင့်အတူ ရှိနေခဲ့ကြလျှင်လည်း အနည်းငယ်မျှသာလျှင် တိုက်ခိုက်ကြပေမည်။ |
Hashim Tin Myint သူတို့သည် “ပေါင်းစည်းထားသည့်(ကာဖိရ် မဟာမိတ်)အုပ်စုများသည် (ယခုထိ)မသွားကြသေးပေ“ဟု ထင်မှတ်နေကြသည်။ ထို့နောက် ထိုစုပေါင်းထားသည့်အုပ်စုများရောက်လာကြလျှင်၊ အမှန်စင်စစ် သူတို့သည် “အကယ်၍ ကျွန်ုပ်တို့သည် ကျေးလက်တောရွာများတွင် နေထိုင်ခဲ့ကြပြီး အသင်တို့၏သတင်းများ စုံစမ်းမေးမြန်းနေခဲ့လျှင် ကောင်းလေစွ“ဟု တောင့်တကြမည်။ ထို့ပြင် အကယ်၍ သူတို့သည် အသင်တို့နှင့်အတူ ရှိနေခဲ့ကြလျှင်လည်း အနည်းငယ်သာ တိုက်ခိုက်ကြမည်ဖြစ်သည်။ |