Quran with Burmese translation - Surah Al-Ahzab ayat 24 - الأحزَاب - Page - Juz 21
﴿لِّيَجۡزِيَ ٱللَّهُ ٱلصَّٰدِقِينَ بِصِدۡقِهِمۡ وَيُعَذِّبَ ٱلۡمُنَٰفِقِينَ إِن شَآءَ أَوۡ يَتُوبَ عَلَيۡهِمۡۚ إِنَّ ٱللَّهَ كَانَ غَفُورٗا رَّحِيمٗا ﴾
[الأحزَاب: 24]
﴿ليجزي الله الصادقين بصدقهم ويعذب المنافقين إن شاء أو يتوب عليهم إن﴾ [الأحزَاب: 24]
Ba Sein ၂၄။ ဤသို့ပြုကျင့်ရခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် သစ္စာရှိသူတို့အား ၎င်းတို့သစ္စာအကျိုးအတွက် အောင်ဆု မင်္ဂလာပေးတော်မူခြင်းငှာသော်လည်းကောင်း၊ ယုံကြည်ဟန်ဆောင်သူတို့အား အပြစ်ဒဏ်ခပ်နှိပ်လိုပါတော် မူလျှင် အပြစ်လွှတ်တော်မူခြင်းငှာသော်လည်းကောင်းဖြစ်၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ အနန္တကျေးဇူးတော်သခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim (ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သစ္စာဝါဒီတို့အား ထိုသူတို့၏သစ္စာရှိမှုကြောင့် အစားပေးတော်မူအံ့သောငှာလည်းကောင်း၊ အကယ်၍ အလိုရှိတော်မူခဲ့ပါလျှင် မုနာဖစ်က် အယောင်ဆောင် မုစ်လင်မ်တို့အားပြစ်ဒဏ် ပေးတော်မူအံ့သောငှာ သို့မဟုတ် (အလိုရှိတော်မူပါလျှင်) ထိုသူတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူအံ့ သောငှာလည်းကောင်း၊ ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်ချမ်းသာပေးသနားတော်မူသော၊ အလွန်တရာ ကရုဏာပြုတော် မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint (ထိုသို့ဖြစ်ရခြင်းကမူ) အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သူများအား သူတို့၏မှန်ကန်မှုကြောင့် အစားပေးတော်မူရန်အတွက်နှင့် အကယ်၍ အလိုရှိတော်မူလျှင် မုနာဖိက်အယောင်ဆောင်များကို ပြစ်ဒဏ်ပေးတော်မူရန် သို့မဟုတ် သူတို့၏ဝန်ချတောင်းပန်မှုကို လက်ခံတော်မူရန်အတွက် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |