Quran with Burmese translation - Surah Al-Ahzab ayat 4 - الأحزَاب - Page - Juz 21
﴿مَّا جَعَلَ ٱللَّهُ لِرَجُلٖ مِّن قَلۡبَيۡنِ فِي جَوۡفِهِۦۚ وَمَا جَعَلَ أَزۡوَٰجَكُمُ ٱلَّٰٓـِٔي تُظَٰهِرُونَ مِنۡهُنَّ أُمَّهَٰتِكُمۡۚ وَمَا جَعَلَ أَدۡعِيَآءَكُمۡ أَبۡنَآءَكُمۡۚ ذَٰلِكُمۡ قَوۡلُكُم بِأَفۡوَٰهِكُمۡۖ وَٱللَّهُ يَقُولُ ٱلۡحَقَّ وَهُوَ يَهۡدِي ٱلسَّبِيلَ ﴾
[الأحزَاب: 4]
﴿ما جعل الله لرجل من قلبين في جوفه وما جعل أزواجكم اللائي﴾ [الأحزَاب: 4]
Ba Sein ၄။ အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသားကိုမှ မိမိကိုယ်အတွင်းတွင် စိတ်နှလုံးနှစ်ခုသွင်းပေးတော်မမူချေ၊ သင်တို့သည် မိမိတို့၏ မယားမိန်းမအား မိမိ၏မိခင်ဖြစ်သည်ဟု ကြေငြာသောကြောင့် ထိုမယားသည် အမိ မဖြစ်ချေ၊ သင်တို့သည် သူတပါးသားများအား မိမိသားဖြစ်သည်ဟု ကြေငြာသောကြောင့်လည်း ထိုသားများ သည် သင်တို့၏သားမဖြစ်ချေ၊ ဤကြေငြာခြင်းသည် သင်တို့နှုတ်မှထွက်သောစကားသာတည်း၊ သို့သော် အလ္လာဟ်အရှင်မြတ်သည် သမ္မာတရားလမ်းတော်ကို ပြသတော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် မည်သည့် လူတစ်ဦးတစ်ယောက်အဖို့မျှ ၎င်း၏ခန္ဓာကိုယ်၌ စိတ်နှလုံးနှစ်ခု ပြုလုပ်တော်မူခဲ့သည်မဟုတ်ပေ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ အကြင်ဇနီးကြင်ရာများကို အသင်တို့၏မိခင်(အရင်းအခြာ)များ ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ အသင်တို့ ထိုဇနီးမိန်းမတို့အား အသင်မသည် ကျွန်ုပ်အပေါ်၌ မိခင်ကဲ့သို့’ဟရာမ်’ ဖြစ်သည် ဟု ပြောဆို၍(ဇိဟာရ် ပြုလုပ်)ကြကုန်၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့၏မွေးစားသားများကိုလည်း အသင်တို့၏ သား(အရင်းအခြာ)များ ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထိုသည်တို့ကား အသင်တို့ မိမိတို့နှုတ်များဖြင့် ပြောဆိုကြသော အသင်တို့၏ ပြောဆိုချက်မျှပင်ဖြစ်ပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား အမှန်ကို မိန့်ကြားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် သည်သာလျှင် (ဖြောင့်မတ်သော)လမ်းကို ညွှန်ပြတော်မူ၏။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသားကိုမျှ သူ၏ခန္ဓာကိုယ်တွင် စိတ်နှလုံးနှစ်ခု ပြုလုပ်တော်မမူခဲ့ပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ အကြင်ဇနီးကြင်ရာများအား “အသင်မသည် ကျွန်ုပ်အပေါ်တွင် မိခင်ကဲ့သို့ ဟရာမ်ဖြစ်သည်“ဟု ပြောဆို(ပြီး ဇွိဟာရ်ပြုလုပ်)ကြသောကြောင့် အသင်တို့၏ မိခင်များအဖြစ် ပြုလုပ်တော်မမူခဲ့ပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏မွေးစားသားများကိုလည်း အသင်တို့၏သား(အရင်း)များအဖြစ် ပြုလုပ်တော်မမူခဲ့ပေ။* ထိုအရာများသည် အသင်တို့က အသင်တို့နှုတ်များဖြင့် ပြောဆိုကြသော အသင်တို့၏ (ဘောင်မဝင်သော)ပြောဆိုချက်ပင် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ အမှန်ကို မိန့်ကြားတော်မူသည်။ ထို့ပြင် အရှင်မြတ်ကပင် (မှန်ကန်သည့်)လမ်းကို ညွှန်ကြားပြသတော်မူသည်။ |