Quran with Burmese translation - Surah Al-Ahzab ayat 48 - الأحزَاب - Page - Juz 22
﴿وَلَا تُطِعِ ٱلۡكَٰفِرِينَ وَٱلۡمُنَٰفِقِينَ وَدَعۡ أَذَىٰهُمۡ وَتَوَكَّلۡ عَلَى ٱللَّهِۚ وَكَفَىٰ بِٱللَّهِ وَكِيلٗا ﴾
[الأحزَاب: 48]
﴿ولا تطع الكافرين والمنافقين ودع أذاهم وتوكل على الله وكفى بالله وكيلا﴾ [الأحزَاب: 48]
Ba Sein ၄၈။ ထို့အပြင်မိစ္ဆာဒိဋ္ဌိနှင့် ယုံကြည်ဟန်ဆောင်သူများဘက်သို့ မယိမ်းမယိုင်လင့်၊ သူတို့၏ အကျိုးဆုတ်ယုတ်ဘေး ဥပါဒ်ဖြစ်စေတတ်သောစကားကို ဂရုမစိုက်ပဲ လျစ်လျူရှုလော့၊ အလ္လာဟ်အရှင်မြတ်ကို ကိုးစားကြလော့၊ကိုးစား အားထားရသူအဖြစ်ဖြင့် အရှင်မြတ်သည် လုံလောက်တော်မူ၏။ |
Ghazi Mohammad Hashim ထို့ပြင် အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ်တို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မလိုက်နာလေနှင့်။ ထို့ပြင် အသင်သည် ၎င်းတို့၏ထိပါးပြောဆိုမှုကို လျစ်လျူရှု၍ အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံ လွှဲအပ်ထားပါလေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင် မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်(တမန်တော်)သည် ကာဖိရ်များ၏ပြောဆိုချက်နှင့် မုနာဖိက်အယောင်ဆောင်များ၏ ပြောဆိုချက်ကို မလိုက်နာပါနှင့်။ ထို့ပြင် အသင်သည် သူတို့၏ပုတ်ခတ်ပြောဆိုမှုကို လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ထားပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကိစ္စဟူသမျှကို ဆောင်ရွက်ပေးတော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူသည်။ |