Quran with Burmese translation - Surah Al-Ahzab ayat 59 - الأحزَاب - Page - Juz 22
﴿يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّأَزۡوَٰجِكَ وَبَنَاتِكَ وَنِسَآءِ ٱلۡمُؤۡمِنِينَ يُدۡنِينَ عَلَيۡهِنَّ مِن جَلَٰبِيبِهِنَّۚ ذَٰلِكَ أَدۡنَىٰٓ أَن يُعۡرَفۡنَ فَلَا يُؤۡذَيۡنَۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا ﴾
[الأحزَاب: 59]
﴿ياأيها النبي قل لأزواجك وبناتك ونساء المؤمنين يدنين عليهن من جلابيبهن ذلك﴾ [الأحزَاب: 59]
Ba Sein ၅၉။ အို-တမန်တော်၊ သင်သည် မိမိဇနီးများ၊ သမီများနှင့်ယုံကြည်သူအမျိုးသမီးများအား အိမ်ပြင်သို့ ထွက်သောအခါ မိမိတို့ကိုယ်ရုံများကို လုံခြံုစွာခြံုရုံကြရန် ဟောပြောလော့၊ ယင်းကဲ့သို့အပြုအမူများသည် မွန်မြတ်၍ သူတို့ကို ခွဲခြားသိနိုင်ပြီးလျှင် မနှောင့်ယှက်ဖို့ရာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူထသော အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အို-နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ရာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော် များအားလည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည် သူတို့၏ ဇနီးမိန်းမများအားလည်းကောင်း၊ ထိုသူတို့သည် မိမိတို့၏အပေါ်ရုံ(စောင်ခြုံထည်)များကို မိမိတို့အပေါ်၌ အနည်းငယ်ဆွဲချတွဲလဲချထားကြရမည်ဟု ပြောကြားပါလေ။ ဤသည် ၎င်းတို့အား ခွဲခြားမှတ်မိရန် ပိုမို၍နီးစပ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည်နှောင့်ယှက်ခြင်းခံကြရမည်မဟုတ်ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်သနား ကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ |
Hashim Tin Myint အို- တမန်တော်၊ အသင်သည် အသင်၏ကြင်ရာတော်များနှင့် အသင်၏သမီးတော်များအပြင် အီမာန်ယုံကြည်သူများ၏ဇနီးမိန်းမများကိုလည်း “သူမတို့သည် သူမတို့၏ အပေါ်ခြုံထည်(စောင် သို့မဟုတ် ပဝါစသည်)များကို သူမတို့အပေါ်တွင် (ဖုံးကွယ်နိုင်အောင်) တွဲလောင်းချထားကြရမည်“ဟု ပြောလိုက်ပါ။ ဤသည် သူမတို့ကို ခွဲခြားမှတ်မိရန် ပိုနီးစပ်သည်။ သို့ဖြစ်ရာ သူမတို့အနေနှင့် နှောင့်ယှက်ခြင်းခံကြရမည် မဟုတ်ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန် သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။ |