Quran with Burmese translation - Surah Al-Ahzab ayat 66 - الأحزَاب - Page - Juz 22
﴿يَوۡمَ تُقَلَّبُ وُجُوهُهُمۡ فِي ٱلنَّارِ يَقُولُونَ يَٰلَيۡتَنَآ أَطَعۡنَا ٱللَّهَ وَأَطَعۡنَا ٱلرَّسُولَا۠ ﴾
[الأحزَاب: 66]
﴿يوم تقلب وجوههم في النار يقولون ياليتنا أطعنا الله وأطعنا الرسولا﴾ [الأحزَاب: 66]
Ba Sein ၆၆။ သူတို့၏မျက်နှာကို ငရဲမီးထဲသို့ လှည့်ထားသောနေ့တော်ကြီး၌ သူတို့က ငါတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်၏ သြဝါဒကို နာခံနားထောင်ခဲ့လေလျှင် ကောင်းလေစွဟု ညည်းညူကြ၏။ |
Ghazi Mohammad Hashim ၎င်းတို့၏ မျက်နှာများသည် မီးထဲ၌ လှည့်ပြောင်းခြင်းခံကြရသောနေ့တွင် ၎င်းတို့ကဪ- ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ရစူလ်တမန်တော် မြတ်၏အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ကောင်းလေစွတကားဟု ပြောဆိုညည်းညူကြပေမည်။ |
Hashim Tin Myint သူတို့၏မျက်နှာများသည် မီးထဲတွင် (အနေအထားအမျိုးမျိုးနှင့်) လှည့်ပြောင်းခံကြရသောနေ့တွင် သူတို့က ပြောဆိုကြမည်- “ဪ- ငါတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်၊ ထို့ပြင် တမန်တော်၏အမိန့်ကို လိုက်နာခဲ့ကြလျှင် အဘယ်မျှ ကောင်းလိုက်မည်နည်း။“ |