Quran with Burmese translation - Surah Saba’ ayat 12 - سَبإ - Page - Juz 22
﴿وَلِسُلَيۡمَٰنَ ٱلرِّيحَ غُدُوُّهَا شَهۡرٞ وَرَوَاحُهَا شَهۡرٞۖ وَأَسَلۡنَا لَهُۥ عَيۡنَ ٱلۡقِطۡرِۖ وَمِنَ ٱلۡجِنِّ مَن يَعۡمَلُ بَيۡنَ يَدَيۡهِ بِإِذۡنِ رَبِّهِۦۖ وَمَن يَزِغۡ مِنۡهُمۡ عَنۡ أَمۡرِنَا نُذِقۡهُ مِنۡ عَذَابِ ٱلسَّعِيرِ ﴾
[سَبإ: 12]
﴿ولسليمان الريح غدوها شهر ورواحها شهر وأسلنا له عين القطر ومن الجن﴾ [سَبإ: 12]
Ba Sein ၁၂။ ထို့အပြင်ငါသည် လေကို တမန်တော်စိုလိုင်မနာ်၏ သြဇာခံအဖြစ်ဖြင့် ဖန်ဆင်းတော်မူ၏၊ ထိုလေသည် နေတက် ချိန်တွင် သွားသောခရီးသည် တစ်လခရီးနှင့်ညီမျှ၏၊ ညနေအချိန်တွင် သွားသော ခရီးသည်လည်း တစ်လခရီးနှင့်တူမျှ၏၊ ထို့အပြင်ငါသည် သူ့အဖို့အရာ ကြေးနီစမ်းကို ပန်းထွက်စီးဆင်းစေတော် မူ၏၊ ထို့အပြင်ငါသည် သူ့အား ဂျင်နတ်သားအချို့ကို ပေးသနားတော်မူ၏၊ ထိုဂျင်များသည် ငါ၏အလိုတော် အားဖြင့် သူ့အား ခစားလုပ်ကျွေးကြ၏၊ ငါ၏အမိန့်တော်ကို သွေဖီသောဂျင်များအား ဟုန်းဟုန်းတောက်လောင် နေသောငရဲမီးဒဏ်ကို ငါမြည်းစေတော်မူ၏။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ (ငါအရှင်မြတ်သည်)လေကိုစုလိုင်မာန် ၏(အမိန့်ကို နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ တစ်လခရီးလမ်းဖြစ်၍ ညနေလမ်းခရီးမှာလည်း တလခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်ထိုစုလိုင်မာန် ၏အကျိုးငှာ ကြေးနီချောင်းများကို စီးဆင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ဂျင်န်တို့အနက် အချို့မှာ ထိုစုလိုင်မာန်၏ရှေ့မှောက်ဝယ် ထိုစုလိုင်မာန်၏အရှင် မြတ်အမိန့်တော်နှင့် (၎င်းခိုင်းစေသမျှတို့ကို) လုပ်ကိုင် ဆောင်ရွက်ပေးလျက်သာရှိနေခဲ့ကြ၏။ စင်စစ်သော်ကား ထိုဂျင်န်များအနက် မည်သူမဆို ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည် တိမ်းယိမ်းသည်ရှိသော် ငါအရှင်မြတ်သည် ၎င်းအား အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော မီးတောက်မီးလျှံ၏ အရသာကိုမြည်းစမ်းစေတော်မူမည်။ |
Hashim Tin Myint ထို့ပြင် (ငါအရှင်မြတ်သည်)လေကို (တမန်တော်)စုလိုင်မာန်အတွက် (နာခံစေတော်မူခဲ့သည်)။ ထိုလေ၏ တစ်နံနက်ခရီးသည် တစ်လခရီးဖြစ်ပြီး ထိုလေ၏ တစ်ညနေခရီးသည်လည်း တစ်လခရီးဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအတွက် ကြေးနီချောင်းများကို စီးဆင်းစေတော်မူခဲ့သည်။ ထို့ပြင် ဂျင်န်များထဲမှ အချို့သည် ၎င်း၏ရှေ့၌ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် (၎င်းခိုင်းသမျှ) လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိခဲ့သည်။ ထို့ပြင် ထိုဂျင်န်များထဲမှ မည်သူမဆို ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည်လျှင် ငါအရှင်မြတ်သည် သူ့အား မီးတောက်မီးလျှံ ပြစ်ဒဏ်၏အရသာကို မြည်းစမ်းစေတော်မူမည်ဖြစ်သည်။ |