﴿قُلۡ يَجۡمَعُ بَيۡنَنَا رَبُّنَا ثُمَّ يَفۡتَحُ بَيۡنَنَا بِٱلۡحَقِّ وَهُوَ ٱلۡفَتَّاحُ ٱلۡعَلِيمُ ﴾
[سَبإ: 26]
(အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (ရှင်ပြန်ထမည့်နေ့တွင်) ကျွန်ုပ်တို့အားလုံးကို စုရုံးတော်မူမည် ထို့နောက် ထိုအရှင်မြတ်သည် သင်တို့နှင့်ကျွန်ုပ်တို့အကြား၌ အမှန်တရားသစ္စာဖြင့် (စီရင်ဆုံးဖြတ်တော်မူပြီး မည်သူက တရားလမ်းမှန်၌ ရှိကြောင်းနှင့်မည်သူက လမ်းမှားရောက်ကြောင်းကို) ဖွင့်ချတော်မူမည်။ စင်စစ် ထိုအရှင်မြတ်သည် (စီရင်ဆုံး ဖြတ်တော်မူရာ၌) အစဉ် အမှန်တရားကို ဖွင့်ချတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။” ဟု ပြောလော့။
ترجمة: قل يجمع بيننا ربنا ثم يفتح بيننا بالحق وهو الفتاح العليم, باللغة البورمية
﴿قل يجمع بيننا ربنا ثم يفتح بيننا بالحق وهو الفتاح العليم﴾ [سَبإ: 26]
Ba Sein ၂၆။ တဖန်ဟောကြားလော့၊ အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်ကြီးသည် ငါတို့အားလုံးကို စုရုံးစေတော်မူမည်၊ ထိုအခါငါတို့စပ်ကြားတွင် အရှင်မြတ်သည် တရားသဖြင့်မှန်ကန်စွာစီရင်ဆုံးဖြတ်တော်မူမည်၊ အလ္လာဟ်အရှင်မြတ် သည် အကြွင်းမဲ့သိတော်မူထသောတရားသူကြီးဖြစ်တော်မူ၏။ |