×

(အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (ရှင်ပြန်ထမည့်နေ့တွင်) ကျွန်ုပ်တို့အားလုံးကို စုရုံးတော်မူမည် ထို့နောက် ထိုအရှင်မြတ်သည် သင်တို့နှင့်ကျွန်ုပ်တို့အကြား၌ 34:26 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:26) ayat 26 in Burmese

34:26 Surah Saba’ ayat 26 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 26 - سَبإ - Page - Juz 22

﴿قُلۡ يَجۡمَعُ بَيۡنَنَا رَبُّنَا ثُمَّ يَفۡتَحُ بَيۡنَنَا بِٱلۡحَقِّ وَهُوَ ٱلۡفَتَّاحُ ٱلۡعَلِيمُ ﴾
[سَبإ: 26]

(အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (ရှင်ပြန်ထမည့်နေ့တွင်) ကျွန်ုပ်တို့အားလုံးကို စုရုံးတော်မူမည် ထို့နောက် ထိုအရှင်မြတ်သည် သင်တို့နှင့်ကျွန်ုပ်တို့အကြား၌ အမှန်တရားသစ္စာဖြင့် (စီရင်ဆုံးဖြတ်တော်မူပြီး မည်သူက တရားလမ်းမှန်၌ ရှိကြောင်းနှင့်မည်သူက လမ်းမှားရောက်ကြောင်းကို) ဖွင့်ချတော်မူမည်။ စင်စစ် ထိုအရှင်မြတ်သည် (စီရင်ဆုံး ဖြတ်တော်မူရာ၌) အစဉ် အမှန်တရားကို ဖွင့်ချတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။” ဟု ပြောလော့။

❮ Previous Next ❯

ترجمة: قل يجمع بيننا ربنا ثم يفتح بيننا بالحق وهو الفتاح العليم, باللغة البورمية

﴿قل يجمع بيننا ربنا ثم يفتح بيننا بالحق وهو الفتاح العليم﴾ [سَبإ: 26]

Ba Sein
၂၆။ တဖန်ဟောကြားလော့၊ အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်ကြီးသည် ငါတို့အားလုံးကို စုရုံးစေတော်မူမည်၊ ထိုအခါငါတို့စပ်ကြားတွင် အရှင်မြတ်သည် တရားသဖြင့်မှန်ကန်စွာစီရင်ဆုံးဖြတ်တော်မူမည်၊ အလ္လာဟ်အရှင်မြတ် သည် အကြွင်းမဲ့သိတော်မူထသောတရားသူကြီးဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) ငါတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် ငါတို့အား (ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်) စုရုံးတော်မူပေမည်။ ထို့နောက် ထိုအရှင်မြတ်သည်ငါတို့၏အကြား၌ မှန်ကန်စွာစီရင် ဆုံးဖြတ်တော်မူပေမည်။စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ စီရင်ဆုံးဖြတ်တော်မူသော၊လွန်စွာ သိတော် မူသောအရှင် ဖြစ်တော်မူ၏။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ငါတို့အား (ကိယာမသ်‌နေ့တွင်) စုရုံး‌စေ‌တော်မူမည်။ ထို့‌နောက် အရှင်မြတ်သည် ငါတို့၏ကြားတွင် မှန်ကန်စွာ စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အလွန်မှန်ကန်စွာ စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek