Quran with Burmese translation - Surah Saba’ ayat 27 - سَبإ - Page - Juz 22
﴿قُلۡ أَرُونِيَ ٱلَّذِينَ أَلۡحَقۡتُم بِهِۦ شُرَكَآءَۖ كـَلَّاۚ بَلۡ هُوَ ٱللَّهُ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[سَبإ: 27]
﴿قل أروني الذين ألحقتم به شركاء كلا بل هو الله العزيز الحكيم﴾ [سَبإ: 27]
Ba Sein ၂၇။ တဖန်ဟောကြားလော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပူးတွဲ၍ ကိုးကွယ်ဝတ်ပြုသောဘုရားယောင်များကို ငါ့အား ပြကြလော့၊ သင်တို့မပြရဲချေ၊ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်အရှင်၊ ပညာအလင်းရောင်တော်အရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) အသင်တို့သည် တွဲဖက်များအဖြစ် ထိုအရှင်မြတ်နှင့် ပေါင်းဖက်(ကိုးကွယ်)ခဲ့ကြသောသူတို့ကို ငါ့အားပြသကြလေကုန်၊ အလျှင်း မဟုတ်ပေ၊ စင်စစ်မှာ ထိုကိုးကွယ်ရာအစစ်ဖြစ်သည့် အရှင်မြတ်မှာကား အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော၊အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် တွဲဖက်များအဖြစ် အရှင်မြတ်နှင့် ဖက်စပ်ကိုးကွယ်ခဲ့ကြသည့်သူများကို ငါ့အား ပြကြပါ။ ထိုသို့မဟုတ်၊ အမှန်စင်စစ် ကိုးကွယ်ရာအစစ်ဖြစ်သော အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ |