Quran with Burmese translation - Surah Saba’ ayat 25 - سَبإ - Page - Juz 22
﴿قُل لَّا تُسۡـَٔلُونَ عَمَّآ أَجۡرَمۡنَا وَلَا نُسۡـَٔلُ عَمَّا تَعۡمَلُونَ ﴾
[سَبإ: 25]
﴿قل لا تسألون عما أجرمنا ولا نسأل عما تعملون﴾ [سَبإ: 25]
Ba Sein ၂၅။ တဖန်ဟောပြောလော့၊ ဟယ်-အချင်းတို့၊ ငါတို့ပြုကျင့်သောဒုစရိုက်မှုများအတွက် သင်တို့ကို စစ်ကြောမည် မဟုတ်ချေ၊ သင်တို့ကျူးလွန်မိသောဒုစရိုက်မှုများအတွက် ငါတို့ကို စစ်ကြောမည်မဟုတ်။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ၊ (အချင်းတို့၊)အသင်တို့သည်လည်း ငါတို့ကျူးလွန်ခဲ့ကြသော ပြစ်မှုများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံကြရမည် မဟုတ်ပေ၊ ငါတို့သည် အသင်တို့ ကျင့်မူကြသည်တို့နှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်း ခံကြရမည် မဟုတ်ပေ။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ငါတို့ကျူးလွန်ခဲ့သော ပြစ်မှုများနှင့်ပတ်သက်၍ စစ်ဆေးခြင်းခံကြရမည် မဟုတ်ပေ။ ငါတို့လည်း အသင်တို့ ပြုလုပ်ခဲ့သည်များနှင့်ပတ်သက်ပြီး စစ်ဆေးခြင်းခံကြရမည် မဟုတ်ပေ။ |