×

စင်စစ်မှာမူကား ငါအရှင်မြတ်သည် သူတို့အား ကျမ်းတော်များအနက်မှ (ယင်းကို လေ့လာပြီး အမှန်တရားသစ္စာနှင့်မိစ္ဆာဒိဌိ ကို ခွဲခြားသိမြင်စေသည့်) မည်သည့် ကျမ်းကိုမျှ ပေးအပ်တော်မူခဲ့သည် 34:44 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:44) ayat 44 in Burmese

34:44 Surah Saba’ ayat 44 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 44 - سَبإ - Page - Juz 22

﴿وَمَآ ءَاتَيۡنَٰهُم مِّن كُتُبٖ يَدۡرُسُونَهَاۖ وَمَآ أَرۡسَلۡنَآ إِلَيۡهِمۡ قَبۡلَكَ مِن نَّذِيرٖ ﴾
[سَبإ: 44]

စင်စစ်မှာမူကား ငါအရှင်မြတ်သည် သူတို့အား ကျမ်းတော်များအနက်မှ (ယင်းကို လေ့လာပြီး အမှန်တရားသစ္စာနှင့်မိစ္ဆာဒိဌိ ကို ခွဲခြားသိမြင်စေသည့်) မည်သည့် ကျမ်းကိုမျှ ပေးအပ်တော်မူခဲ့သည် မဟုတ်သည့်အပြင် အသင် (တမန်တော်) မတိုင်မီ သူတို့ထံသို့ (လမ်းမှားရောက်ခြင်း၏အကျိုး ဆက်နှင့်စပ်လျဉ်း၍ သွန်သင်သည့်) မည်သည့် သတိပေးနှိုးဆော်သူတစ်ဦးတစ်ယောက်ကိုမျှ စေလွှတ်တော်မူခဲ့ သည်လည်း မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وما آتيناهم من كتب يدرسونها وما أرسلنا إليهم قبلك من نذير, باللغة البورمية

﴿وما آتيناهم من كتب يدرسونها وما أرسلنا إليهم قبلك من نذير﴾ [سَبإ: 44]

Ba Sein
၄၄။ ထို့အပြင်အို-တမန်တော်၊ သင်မပွင့်မီထိုသူတို့ထံသို့ ငါအရှင်မြတ်သည် သူတို့လေ့လာဖို့ရာ ကျမ်းတော်ထုတ်ပြန် ပို့ချပေးသနားတော်မမူခဲ့ချေ၊ သူတို့ကို သွန်သင်ဆုံးမသတိပေးဖို့ရာ တမန်တော်ကိုလည်း စေလွှတ်တော်မမူခဲ့ချေ။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကျမ်းဂန်များ ‌ပေးသနား‌တော်မူခဲ့သည် မဟုတ်‌ပေ။ သူတို့သည် ထိုကျမ်းဂန်များကို ဖတ်ရွတ်သင်ကြား‌နေခဲ့ကြသည်လည်း မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ သူတို့ထံသို့ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးဦး ‌စေလွှတ်‌တော်မူခဲ့သည်လည်း မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek