×

စင်စစ်မှာကား (အမှန်တရားဆိုင်ရာ) ဉာဏ်ပညာ ချီးမြှင့်ပေးအပ်တော်မူခြင်းခံခဲ့ကြရသော သူတို့သည် အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ 34:6 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:6) ayat 6 in Burmese

34:6 Surah Saba’ ayat 6 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 6 - سَبإ - Page - Juz 22

﴿وَيَرَى ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ ٱلَّذِيٓ أُنزِلَ إِلَيۡكَ مِن رَّبِّكَ هُوَ ٱلۡحَقَّ وَيَهۡدِيٓ إِلَىٰ صِرَٰطِ ٱلۡعَزِيزِ ٱلۡحَمِيدِ ﴾
[سَبإ: 6]

စင်စစ်မှာကား (အမှန်တရားဆိုင်ရာ) ဉာဏ်ပညာ ချီးမြှင့်ပေးအပ်တော်မူခြင်းခံခဲ့ကြရသော သူတို့သည် အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ ချမှတ်ပေးအပ်တော်မူခြင်း ခံခဲ့ရသောအရာ (ကုရ်အာန်ကျမ်းတော်) သည် အမှန်တရားသစ္စာဖြစ် ရုံသာမက ယင်းသည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင် ချီးမွမ်းထိုက်မှုနှင့်ကျေး ဇူးတင်ထိုက်မှုဆိုင်ရာ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသည့် အနှိုင်းမဲ့ အရှင်မြတ်၏လမ်းစဉ်တော်သို့ ညွှန်ပြကြောင်းကို သတိမူ သိမြင်ကြ၏။

❮ Previous Next ❯

ترجمة: ويرى الذين أوتوا العلم الذي أنـزل إليك من ربك هو الحق ويهدي, باللغة البورمية

﴿ويرى الذين أوتوا العلم الذي أنـزل إليك من ربك هو الحق ويهدي﴾ [سَبإ: 6]

Ba Sein
၆။ အကြင်သူတို့သည် အသိတရားကို ပေးသနားတော်မူခြင်းခံရအ့ံ၊ ထိုသူတို့သည် သင်၏အသက်သခင်ကျေးဇူးရှင် က သင့်အား ချပေးသနားတော်မူသောကျမ်းတော်မြတ်ကို မုချဧကန်မှန်ကန်သည်ဟူ၍ သိမြင်ကြ၏၊ ထိုကျမ်း တော်သည် အနန္တတန်ခိုးတော်အရှင်၊ အနန္တချီးမွမ်းထောပနာတော်သခင်၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်သို့ ညွှန်ပို့သည်ဟုလည်း သိမြင်ကြ၏။
Ghazi Mohammad Hashim
စင်စစ်မှာကား အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့သည် အသင့်ထံ ချပေးခြင်းခံခဲ့ရသော (ကုရ်အာန်ကျမ်းတော်)သည် မှန်ကန်သည်ဟူ၍ လည်းကောင်း၊ ထို(ကုရ်အာန်ကျမ်းတော်)သည် အလွန်တရာနိုင်နင်းလွှမ်းမိုးတော် မူသော၊ ချီးမွမ်းထောပနာခြင်းအပေါင်းကိုအလွန်တရာ ခံယူထိုက်တော်မူသော၊ အရှင်မြတ်၏လမ်းကိုညွှန်ပြသည်ဟူ၍လည်းကောင်း၊ (သိ)မြင်ကြကုန်သတည်း။
Hashim Tin Myint
ထို့ပြင် အသိပညာ‌ပေးသနားခြင်းခံခဲ့ကြရသည့်သူများသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အသင့်ထံသို့ ချ‌ပေးခြင်းခံရ‌သောအရာ(ကုရ်အာန်)သည် မှန်ကန်သည်ဟု မြင်ကြသည်။ ထို့ပြင် ထိုအရာသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော ချီးမွမ်းခြင်းအလွန်ခံထိုက်‌တော်မူ‌သော အရှင်မြတ်၏လမ်းကို ညွှန်ကြားပြသသည်ဟု (မြင်ကြသည်)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek