×

သို့ရာတွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့က “ကျွန်ုပ်တို့သည် သင်တို့အား ''သင်တို့ ကွယ်လွန်သေဆုံးပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသောအမှုန်များအဖြစ် ခန္ဓာ 34:7 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:7) ayat 7 in Burmese

34:7 Surah Saba’ ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 7 - سَبإ - Page - Juz 22

﴿وَقَالَ ٱلَّذِينَ كَفَرُواْ هَلۡ نَدُلُّكُمۡ عَلَىٰ رَجُلٖ يُنَبِّئُكُمۡ إِذَا مُزِّقۡتُمۡ كُلَّ مُمَزَّقٍ إِنَّكُمۡ لَفِي خَلۡقٖ جَدِيدٍ ﴾
[سَبإ: 7]

သို့ရာတွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့က “ကျွန်ုပ်တို့သည် သင်တို့အား ''သင်တို့ ကွယ်လွန်သေဆုံးပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသောအမှုန်များအဖြစ် ခန္ဓာ ကိုယ်တစ်ခုလုံးသည်ပင် လုံးဝ တစ်စစီ ကျိုးတိုးကျဲတဲ ဖြန့်ကြဲခြင်းခံရသောအခါ ဧကန်မလွဲ၊ သင်တို့သည် ထိုအခြေအနေမှပင် တစ်ဖန် ဖွဲ့စည်းဖြစ်တည်မှုအသစ် ဖြစ်စေမည်။'' ဟူသော သတင်းစကား ပြောပြမည့် ပုဂ္ဂိုလ်တစ်ဦးကို ညွှန်ပြရမည်လော။” ဟု မေးမြန်းပြောဆိုကြ၏

❮ Previous Next ❯

ترجمة: وقال الذين كفروا هل ندلكم على رجل ينبئكم إذا مزقتم كل ممزق, باللغة البورمية

﴿وقال الذين كفروا هل ندلكم على رجل ينبئكم إذا مزقتم كل ممزق﴾ [سَبإ: 7]

Ba Sein
၇။ မယုံကြည်သူမိစ္ဆာမိုက်တို့က ငါတို့သည် ကွယ်လွန်သွားပြီး မြေမှုန့်အတိဖြစ်၍ ပြန့်ကြဲပြီးသည်နောက် တဖန် ရှင်ပြန်ထမြောက်ရမည်ဟု ဟောပြောသူကို သင်တို့အား ငါတို့ပြန်ရမည်လောဟု အချင်းချင်းပြောဆိုမေးမြန်း ကြ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က (အချင်းချင်း) ပြောဆိုကြကုန်၏။ ကျွန်ုပ်တို့သည်အသင်တို့အား အကြင်ယောက်ျားတစ်ယောက်ကို ညွှန်ပြကြရမည်လော။ ထိုသူသည် အသင်တို့အား အသင်တို့သည် လုံးဝမွမွကြေအောင် ချေပစ်ခြင်းခံခဲ့ကြရလေသောအခါ ဧကန်မလွဲအသင်တို့သည် အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရမည်ဟု သတင်းပေး၏။
Hashim Tin Myint
ထို့ပြင် ကာဖိရ်များက (အချင်းချင်း)‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်တို့အား အကြင်‌ယောက်ျားတစ်ဦးကို ညွှန်ပြရမည်‌လော။ ၎င်းသည် အသင်တို့အား (ဤသို့)သတင်း‌ပေးသည်- “အသင်တို့သည် ‌ကြေမွသွား‌အောင် ‌ချေပစ်ခံခဲ့ကြရသည့်အခါ အမှန်စင်စစ် အသင်တို့သည် အသစ်တစ်ဖန်ပြန်ပြီး ဖန်ဆင်းခြင်းကို ခံကြရမည်“။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek