×

ထိုသူတို့သည် မိုးကောင်းကင်နှင့်မြေကမ္ဘာအား သူတို့၏ရှေ့မှလည်းကောင်း သူတို့၏နောက်မှလည်းကောင်း၊ (သူတို့ လုံးဝ ရှောင်လွှဲ မရအောင်အရှင်မြတ်၏အချုပ်အခြာအာဏာဖြင့် ဝိုင်းရံထားစေတော်မူလျက် တိုးချဲ့စေတော်မူ) သည်ကို မည်သည့်အခါ 34:9 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:9) ayat 9 in Burmese

34:9 Surah Saba’ ayat 9 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 9 - سَبإ - Page - Juz 22

﴿أَفَلَمۡ يَرَوۡاْ إِلَىٰ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِن نَّشَأۡ نَخۡسِفۡ بِهِمُ ٱلۡأَرۡضَ أَوۡ نُسۡقِطۡ عَلَيۡهِمۡ كِسَفٗا مِّنَ ٱلسَّمَآءِۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّكُلِّ عَبۡدٖ مُّنِيبٖ ﴾
[سَبإ: 9]

ထိုသူတို့သည် မိုးကောင်းကင်နှင့်မြေကမ္ဘာအား သူတို့၏ရှေ့မှလည်းကောင်း သူတို့၏နောက်မှလည်းကောင်း၊ (သူတို့ လုံးဝ ရှောင်လွှဲ မရအောင်အရှင်မြတ်၏အချုပ်အခြာအာဏာဖြင့် ဝိုင်းရံထားစေတော်မူလျက် တိုးချဲ့စေတော်မူ) သည်ကို မည်သည့်အခါ မတွေ့မြင် မဆင်ခြင် မသုံးသပ် ကြလေသလော။ အကယ်၍ ငါအရှင် မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့အား မြေမျိုစေတော်မူနိုင်၏။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် သူတို့အပေါ်၌ မိုးကောင်းကင်မှ အစိုင်အခဲများကို ကျရောက်စေတော်မူနိုင်၏။ ဧကန်စင်စစ်၊ ထို (သို့မဖြစ်ပျက်အောင်ထိန်းသိမ်းတော်မူခြင်း) ၌ (စိတ်ရင်းစေတနာဖြူစင်စွာ အမှန်တရားကို စူးစမ်းရှာဖွေလို၍ အရှင့်ကျမ်းတော်ဖြစ်သော) အမှားအမှန်ကို ခွဲခြားသိမြင်စေသည့်စံဘက်ဦးလှည့်သူ အရှင့်အစေခံလူသားတိုင်းအတွက် (ထင်ရှားသော) အာယသ် သက်သေလက္ခဏာတော်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: أفلم يروا إلى ما بين أيديهم وما خلفهم من السماء والأرض إن, باللغة البورمية

﴿أفلم يروا إلى ما بين أيديهم وما خلفهم من السماء والأرض إن﴾ [سَبإ: 9]

Ba Sein
၉။ ၎င်းတို့သည် မိမိတို့ထက် အောက်-ရှေ့-နောက်-ဝဲယာမှ ဝန်းဝိုင်းထားသောမိုးနှင့်မြေကို မမြင်ကြသလော၊ အကယ်၍ငါအရှင်မြတ်အလိုတော်ရှိလျှင် ထိုသူတို့အား မြေမျိုစေတော်မူခြင်း၊ သို့မဟုတ်သူတို့အပေါ်သို့ မိုး ကောင်းကင်ပဲ့ကျခြင်းများကို စီရင်တော်မူနိုင်၏၊ စင်စစ်အားဖြင့်၎င်းအချက်များ၌ တရားသံဝေဂရ၍ ငါအရှင်မြတ် ဘက်တော်သို့ လှည့်ကြသောကျေးတော်များအဖို့အရာ နိမိတ်လက္ခဏာအ့ံဖွယ်တော်တစ်ပါးပါရှိ၏။
Ghazi Mohammad Hashim
ထိုသူတို့သည် မိမိတို့ ရှေ့နောက်(ထက်အောက်)ရှိနေသော မိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မမြင်ကြလေသလော။ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့အား မြေမျိုစေတော်မူပေမည်။ သို့တည်း မဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌မိုးကောင်းကင်၏ အပိုင်းအစများကို ကျရောက်စေတော်မူပေမည်။ ဧကန်စင်စစ် ဤသည်၌ (ငါအရှင်မြတ်ဘက်သို့)ပြန်လှည့်ကြသော ကျွန်တိုင်းအဖို့ (လုံလောက်သော) သက်သေသာဓကရှိပေသတည်း။
Hashim Tin Myint
သူတို့သည် သူတို့၏ ‌ရှေ့နှင့်‌နောက်(ထက်‌အောက်)တွင်ရှိ‌နေ‌သော မိုး‌ကောင်းကင်နှင့် ‌မြေပထဝီကို မမြင်ကြသ‌လော။ အကယ်၍ ငါအရှင်မြတ် အလိုရှိ‌တော်မူလျှင် သူတို့အား ‌မြေမျို‌စေ‌တော်မူမည်။ သို့မဟုတ် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မိုး‌ကောင်းကင်မှ အပိုင်းအစများ ကျ‌ရောက်‌စေ‌တော်မူမည်။ အမှန်စင်စစ် ထိုအထဲတွင် (ငါအရှင်မြတ်ဘက်သို့) ပြန်လှည့်ကြ‌သော ကျွန်များအတွက် သက်‌သေသာဓကများ ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek