Quran with Burmese translation - Surah FaTir ayat 13 - فَاطِر - Page - Juz 22
﴿يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِي لِأَجَلٖ مُّسَمّٗىۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۚ وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ مَا يَمۡلِكُونَ مِن قِطۡمِيرٍ ﴾
[فَاطِر: 13]
﴿يولج الليل في النهار ويولج النهار في الليل وسخر الشمس والقمر كل﴾ [فَاطِر: 13]
Ba Sein ၁၃။ အလ္လာဟ်အရှင်မြတ်သည် ညဉ့်မှသည် နေ့ကို၊ နေ့မှသည် ညဉ့်ကို ပြောင်းလဲစေတော်မူ၏၊ အရှင်မြတ်သည် နေနှင့်လအား ဗျာဒိတ်တော်ကို နာခံစေတော်မူ၏၊ နေလတို့သည် အရှင်မြတ်ပိုင်းခြားသတ်မှတ်ထားသောအချိန် နာရီအတိုင်း သွားလာဝင်ထွက်ရကြ၏၊ ယင်းသို့စီရင်ဖန်ဆင်းတော်မူသောအရှင်သည် သင်တို့၏အရှင်သခင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏၊ အချုပ်အခြာအာဏာပိုင်သတော်မူ၏၊ အရှင်မြတ်မှတပါး သင်တို့ကိုးကွယ်သော ဘုရားတုဘုရားယောင်များသည် စွန်ပလွံစေ့တွင် ငြိကပ်သောအမြှေးကိုမူ အစိုးရကြသည်မဟုတ်ချေ။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည်(အချို့သောရာသီဥတု၌) ည၏(အစိတ်အပိုင်းအချို့ကို) နေ့၏အတွင်းသို့ ဝင်စေတော်မူ၍(အချို့သောရာသီဥတု၌မူ)နေ့၏(အချို့သော အစိတ်အပိုင်း)ကိုည၏အတွင်းသို့ ဝင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ ‘စန္ဒာ’ ကိုလည်းကောင်း၊ ပိုင်နိုင်စွာအကျိုး ပြုထားစေတော်မူရာ (ယင်း ‘သူရိယ’နေနှင့် လ ‘စန္ဒာ’) အသီသီးတို့မှာ သတ်မှတ်ပြဋ္ဌာန်းထားသောအချိန်ကာလတိုင်အောင် လှုပ်ရှားသွားလာလျက်ပင် ရှိကြပေသည်။ ဤသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှု အာဏာသည်ထိုအရှင်မြတ်၌သာရှိ၏။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍အသင်တို့ ဟစ်ခေါ်တသလျက် ရှိကြကုန်သော သူတို့မှာမူကားစွန်ပလွံစေ့၌ ကပ်လျက်ရှိသော အမြှေးခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ |
Hashim Tin Myint အရှင်မြတ်သည် ညကိုနေ့ထဲတွင် ဝင်စေတော်မူပြီး နေ့ကိုညထဲတွင် ဝင်စေတော်မူသည်။ (ညတာတိုခြင်း၊ရှည်ခြင်းနှင့် နေ့တာတိုခြင်း၊ရှည်ခြင်းတို့ ဖြစ်ပေါ်စေသည်)။ ထို့ပြင် အရှင်မြတ်သည် နေနှင့်လအား အမိန့်နာခံခိုင်းထားသည့်အတွက် သူတို့အသီးသီးသည် သတ်မှတ်ပြဋ္ဌာန်းထားသော အချိန်ကာလအထိ သွားလာလှုပ်ရှားနေကြသည်။ ဤသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်ခေါ်တသနေကြသည့်သူများသည် စွန်ပလွံစေ့၌ကပ်နေသော အမြှေးပါးမျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ |