×

ဧကန်မလွဲ၊ ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ (လောကီဘဝ၌ ပြုမူကျင့်ကြံ၍ တမလွန် အကျိုးဆုလဒ်နှင့်ပြစ်ဒဏ် စံစားခံစားကြရန်) 36:12 Burmese translation

Quran infoBurmeseSurah Ya-Sin ⮕ (36:12) ayat 12 in Burmese

36:12 Surah Ya-Sin ayat 12 in Burmese (البورمية)

Quran with Burmese translation - Surah Ya-Sin ayat 12 - يسٓ - Page - Juz 22

﴿إِنَّا نَحۡنُ نُحۡيِ ٱلۡمَوۡتَىٰ وَنَكۡتُبُ مَا قَدَّمُواْ وَءَاثَٰرَهُمۡۚ وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ فِيٓ إِمَامٖ مُّبِينٖ ﴾
[يسٓ: 12]

ဧကန်မလွဲ၊ ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ (လောကီဘဝ၌ ပြုမူကျင့်ကြံ၍ တမလွန် အကျိုးဆုလဒ်နှင့်ပြစ်ဒဏ် စံစားခံစားကြရန်) ကြိုတင် ပို့ခဲ့ကြသည့်လုပ်ရပ်များနှင့်သူတို့၏ (အကောင်းအဆိုးဆိုင်ရာ) ခြေရာများကို မှတ်တမ်းတင်ရေးသားထားတော်မူ ၏။ ထို့ပြင် ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထင်ရှားရှင်းလင်းသော မှတ်တမ်းစာအုပ်တွင် တိကျစွာ တွက်ချက် မှတ်သား၍ မှတ်တမ်းတင် သိမ်းဆည်းထားတော်မူခဲ့ပြီး ဖြစ်၏။

❮ Previous Next ❯

ترجمة: إنا نحن نحيي الموتى ونكتب ما قدموا وآثارهم وكل شيء أحصيناه في, باللغة البورمية

﴿إنا نحن نحيي الموتى ونكتب ما قدموا وآثارهم وكل شيء أحصيناه في﴾ [يسٓ: 12]

Ba Sein
၁၂။ ငါအရှင်မြတ်သည် သေသူတို့ကို ရှင်ပြန်ထစေတော်မူ၏၊ သူတို့၏ တင်ကြိုပို့ထားနှင့်သောအမှုအခင်းများနှင့် နောက်တွင် ကျန်ရစ်သောအမှုအခင်းများကိုလည်း ငါသည် မှတ်သားထားတော်မူ၏၊ အရာခပ်သိမ်းကို သက်သေ ခံချက်စာရင်းစာအုပ်ကြီးတွင် အစုံအလင်ရှင်းလင်းစွာရေးသားမှတ်ထားတော်မူ၏။
Ghazi Mohammad Hashim
မလွဲဧကန် ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ ကြိုတင် ပို့ခဲ့ကြသည်များကိုလည်းကောင်း၊ ထိုသူတို့၏ ခြေရာများကိုလည်းကောင်း၊ (တစ်နည်း) ထိုသူတို့သည် နောက်တွင် ချန်ရစ်ခဲ့ကြသည်များကိုလည်းကောင်း၊ ရေးသားထားတော်မူ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထင်ရှားစွာသော မှတ်တမ်းစာအုပ်တွင် တိကျစွာ ရေတွက် မှတ်သားတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
Hashim Tin Myint
အမှန်စင်စစ် ငါအရှင်မြတ်သည် ‌သေသူများကို ရှင်‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ ကြိုတင်ပို့ခဲ့ကြသည်များနှင့် သူတို့ ‌နောက်ချန်ထားခဲ့ကြသည်များကို ‌ရေးသားထား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို ထင်ရှား‌သောမှတ်တမ်းစာအုပ်တွင် ‌ရေးမှတ်ထားပြီးဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek