×

အသင် (တမန်တော်) သည် ဆုံးမသြဝါဒများပါရှိသော ထိုသတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) ကို (ဘက်လိုက်မှုမရှိဘဲ ဖြူစင်စွာ) လိုက်နာသည့်အပြင် 36:11 Burmese translation

Quran infoBurmeseSurah Ya-Sin ⮕ (36:11) ayat 11 in Burmese

36:11 Surah Ya-Sin ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah Ya-Sin ayat 11 - يسٓ - Page - Juz 22

﴿إِنَّمَا تُنذِرُ مَنِ ٱتَّبَعَ ٱلذِّكۡرَ وَخَشِيَ ٱلرَّحۡمَٰنَ بِٱلۡغَيۡبِۖ فَبَشِّرۡهُ بِمَغۡفِرَةٖ وَأَجۡرٖ كَرِيمٍ ﴾
[يسٓ: 11]

အသင် (တမန်တော်) သည် ဆုံးမသြဝါဒများပါရှိသော ထိုသတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) ကို (ဘက်လိုက်မှုမရှိဘဲ ဖြူစင်စွာ) လိုက်နာသည့်အပြင် (လူ့သိမြင်နားလည်နိုင်စွမ်း၏ပြင်ပတွင်ရှိသော) အနန္တကရုဏာတော်ရှင်အား ဆိတ်ကွယ်ရာအနေအထားဖြင့်ပင် ကြောက်ရွံ့ရိုကျိုးသောသူကိုသာလျှင် သတိပေး နှိုးဆော်နိုင်၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူအား (မမြင်မတွေ့ဖူးသော ကျေးဇူးတော်များရရှိရန်) လွတ်ငြိမ်းချမ်းသာခွင့်နှင့်စပ်လျဉ်း၍ ကြီးမားမြင့်မြတ်၍ရက်ရောသော အကျိုးဆုလဒ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း ပါးလော့။

❮ Previous Next ❯

ترجمة: إنما تنذر من اتبع الذكر وخشي الرحمن بالغيب فبشره بمغفرة وأجر كريم, باللغة البورمية

﴿إنما تنذر من اتبع الذكر وخشي الرحمن بالغيب فبشره بمغفرة وأجر كريم﴾ [يسٓ: 11]

Ba Sein
၁၁။ သင်သည် အဆုံးအမတော်ကို လိုက်နာကျင့်သုံးသောမဟာဂရုဏာတော်အရှင်အား မဖူးမမြင်ရပဲလျက် ကြောက်ရွ့ံ ရိုကျိုးသူကိုသာလျှင် သွန်သင်ပဲ့ပြင်နိုင်၏၊ ထိုသူမြတ်တို့အား အပြစ်လွှတ်တော်မူမည်၊ အောင်ဆုမင်္ဂလာကို ရက်ရောစွာပေးတော်မူမည့်အကြောင်း သတင်းကောင်းမင်္ဂလာကို ပေးလော့။
Ghazi Mohammad Hashim
အသင်သည် ဆုံးမဩဝါဒကို လိုက်နာသည့်အပြင် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်အား အကွယ်မှ ကြောက်ရွံ့ရိုသေသော သူကိုသာလျှင် သတိပေး နှိုးဆော်နိုင်၏။သို့ဖြစ်ပေရာ အသင်သည် ထိုသူအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြင့်မြတ်လှစွာသော အကျိုးကျေးဇူးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာသတင်း ကိုပြောကြားပါလေ။
Hashim Tin Myint
အသင်(တမန်‌တော်)သည် ဆုံးမဩဝါဒကို လိုက်နာပြီး ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်အား အကွယ်မှ ‌ကြောက်ရွံ့သည့်သူကိုပင် သတိ‌ပေးနှိုး‌ဆော်နိုင်မည်ဖြစ်သည်။* သို့ဖြစ်ရာ အသင်သည် ထိုသူကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်မြတ်သည့်အကျိုးရှိသည့်အ‌ကြောင်း ဝမ်း‌မြောက်ဖွယ်ရာသတင်းကို ‌ပြောလိုက်ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek