Quran with Burmese translation - Surah Ya-Sin ayat 16 - يسٓ - Page - Juz 22
﴿قَالُواْ رَبُّنَا يَعۡلَمُ إِنَّآ إِلَيۡكُمۡ لَمُرۡسَلُونَ ﴾
[يسٓ: 16]
﴿قالوا ربنا يعلم إنا إليكم لمرسلون﴾ [يسٓ: 16]
Ba Sein ၁၆၊၁၇။ တမန်တော်တို့ပြန်ကြားကြသည်မှာ အသင်တို့အား ဖြောင့်မတ်မှန်ကန်သောတရားတော်ကို ဟောပြောစေခြင်းငှာ ငါတို့ကို စေလွှတ်လိုက်တော်မူ၏၊ ထိုအကြောင်းကို အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်ကိုယ်တော်တိုင် သိတော်မူ၏၊ ငါတို့၏ ဝတ္တရားမှာကား အဓိပ္ပါယ်ရှင်းလင်းသည့်ကျမ်းတော်မြတ်ကို ဟောပြောကြေငြာရန်သာ ဖြစ်၏။ |
Ghazi Mohammad Hashim ထိုရစူလ်တမန်တော်တို့က ပြောကြားခဲ့ကြကုန်၏။ "ဧကန်မလွဲ ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များ)ဖြစ်ကြောင်းကို ငါတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကောင်းစွာ သိရှိတော်မူ၏။ |
Hashim Tin Myint ထိုတမန်တော်များက ပြောကြားခဲ့ကြသည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့ထံသို့ စေလွှတ်ခြင်းခံကြရသည့်သူများဖြစ်ကြောင်းကို ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် သိရှိတော်မူသည်။“ |