Quran with Burmese translation - Surah Ya-Sin ayat 35 - يسٓ - Page - Juz 23
﴿لِيَأۡكُلُواْ مِن ثَمَرِهِۦ وَمَا عَمِلَتۡهُ أَيۡدِيهِمۡۚ أَفَلَا يَشۡكُرُونَ ﴾
[يسٓ: 35]
﴿ليأكلوا من ثمره وما عملته أيديهم أفلا يشكرون﴾ [يسٓ: 35]
Ba Sein ၃၅။ထိုဥယျာဉ်များဖြင့် ကမ္ဘာမြေကြီးကို တန်ဆာဆင်ယင်ထားရခြင်းအကြောင်းမူကား ထိုဥယျာဉ်များမှ ထွက်သောအသီးအနှံ၊ ဝတ်ဆံ ပွင့်ဖူးအထူးထူးကို သူတို့မှီဝဲသုံးစားဖို့ရာ အလို့ငှာဖြစ်၏၊ ထိုသီးနှံပွင့်ဖူးများကို သူတို့ပြုလုပ်နိုင်ကြသည်မဟုတ်၊ ထို့ကြောင့်သူတို့သည် ငါ၏ကျေးဇူးတော်ကို ချီးမွမ်းကြမည်မဟုတ်လော။ |
Ghazi Mohammad Hashim ၎င်းတို့သည် ယင်းစွန်ပလွံပင် သို့မဟုတ် စပျစ်ပင်၏အသီးများမှ စားသုံးအံ့သောငှာ စင်စစ် ထိုအသီးများကို(ကောက်ပဲသီးနှံများကို) ၎င်းတို့၏လက်များက [(တစ်နည်း)၎င်းတို့ ကိုယ်တိုင်က] ပြုလုပ်ခဲ့သည် မဟုတ်ပေ။ သို့ပါလျက် ၎င်းတို့သည် ကျေးဇူးမတင် ကြလေသလော။ |
Hashim Tin Myint သူတို့သည် သူတို့၏လက်များက ပြုလုပ်ခဲ့ကြသည်မဟုတ်ပါဘဲလျက် ထိုစွန်ပလွံပင် သို့မဟုတ် စပျစ်ပင်၏အသီးများကို စားသုံးကြရန်ဖြစ်သည်။ သို့ပါလျက် သူတို့သည် ကျေးဇူးမတင်ကြလေသလော။ |