×

ထို့နောက် (တမန်တော်အီဗ်ရာဟီးမ်၏) သားတော်သည် သူနှင့်အတူ (ဘဝလိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရန်) ရုန်းကန်လှုပ်ရှားနိုင်သော အရွယ်သို့ ရောက်သောအခါ သူက ''အို၊ 37:102 Burmese translation

Quran infoBurmeseSurah As-saffat ⮕ (37:102) ayat 102 in Burmese

37:102 Surah As-saffat ayat 102 in Burmese (البورمية)

Quran with Burmese translation - Surah As-saffat ayat 102 - الصَّافَات - Page - Juz 23

﴿فَلَمَّا بَلَغَ مَعَهُ ٱلسَّعۡيَ قَالَ يَٰبُنَيَّ إِنِّيٓ أَرَىٰ فِي ٱلۡمَنَامِ أَنِّيٓ أَذۡبَحُكَ فَٱنظُرۡ مَاذَا تَرَىٰۚ قَالَ يَٰٓأَبَتِ ٱفۡعَلۡ مَا تُؤۡمَرُۖ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّٰبِرِينَ ﴾
[الصَّافَات: 102]

ထို့နောက် (တမန်တော်အီဗ်ရာဟီးမ်၏) သားတော်သည် သူနှင့်အတူ (ဘဝလိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရန်) ရုန်းကန်လှုပ်ရှားနိုင်သော အရွယ်သို့ ရောက်သောအခါ သူက ''အို၊ ချစ်သား၊ ဧကန်ပင်၊ ကျွန်ုပ်သည် အိပ်မက်တွင် အသင့်အား စွန့်လှူစတေးနေသည်ကို အမှန်ပင် မြင်မက်ခဲ့၏။ သို့ဖြစ်ပေရာ (ထိုမြင်မက်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍) စဉ်းစားဆင်ခြင်သုံးသပ်ပြီး သင်၏အမြင်က မည်သို့နည်း။'' (ဟုသည်ကို ပြောလော့။)။ သားက ''အို၊ ခမည်းတော်၊ ခမည်းတော်အား စီမံချက်အမိန့်တော်ချမှတ်ပေးတော်မူသည့်အတိုင်းသာ လိုက်နာ ဆောင်ရွက်ပါလော့။ အလ္လာဟ်အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ခမည်းတော်က ကျွန်တော့်အား (အရှင့်အမိန့်တော်ကို နာခံလိုက်နာရာတွင်) ခန္တီသည်းခံ့ကြံ့ခိုင်မှုမြဲမြံသူတို့အနက်မှ တစ်ဦးဖြစ်ကြောင်း အမှန်ပင် တွေ့ရပါလိမ့်မည်။” ဟု ဖြေကြားလေ၏။

❮ Previous Next ❯

ترجمة: فلما بلغ معه السعي قال يابني إني أرى في المنام أني أذبحك, باللغة البورمية

﴿فلما بلغ معه السعي قال يابني إني أرى في المنام أني أذبحك﴾ [الصَّافَات: 102]

Ba Sein
၁ဝ၂။ သတို့သားသည် ခမည်းတော်နှင့်အတူတကွသွားလာနိုင်သောအရွယ်သို့ ရောက်သောအခါ အေဗရာဟမ်က အို-ချစ်သား၊ ငါသည် သင့်အား ယဇ်ပူဇော်ရမည်ဟု အိပ်မက်မြင်မက်၏၊ ထို့ကြောင့်ချစ်သား၊ အဘယ်သဘော ရသနည်းဟု သားတော်အား ပြောဆို၏၊ သားတော်က ကျေးဇူးရှင်ခမည်းတော်၊ ခမည်းတော်အား အလ္လာဟ် အရှင်မြတ်က အိပ်မက်အားဖြင့် ပေးတော်မူသောဗျာဒိတ်အမိန့်တော်အတိုင်း ပြုတော်မူပါ၊ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါလျှင် ခမည်းတော်သည် အကျွနု်ပ်အား မတုန်မလှုပ်မြဲမြံတည်ကြည်သူအဖြစ်နှင့်ပင် တွေ့ရပါ လိမ့်မည်ဟု ဆို၏။
Ghazi Mohammad Hashim
၎င်းနောက် ထိုသားတော်သည် ထိုအီဗ်ရာဟီမ်နှင့်အတူ သွားလာပြေးလျှောက်နိုင်သော အရွယ်သို့ ရောက်သောအခါ ထိုအစ်ဗ်ရာဟီမ်သည် (ဤသို့) ပြောကြားခဲ့လေ၏။"အို-ချစ်သား ငါသည် ဧကန်မလွဲ အသင့်အား လှီးဖြတ်နေသည်ကို အိပ်မက်တွင် ဧကန်အမှန် မြင်မက်သည်။ သို့ဖြစ်ပေရာ အသင်သည် မည်သို့ထင်မြင်ယူဆသနည်း"စဉ်းစားပါလေ။ ထို(အခါ)သားတော်က "အို-ခမည်းတော်၊ ခမည်းတော်သည် ပေးတော်မူခြင်းခံရသော အမိန့်တော်ကိုသာ လိုက်နာဆောင်ရွက်ပါ။ "အင်န်ရှာအလ္လာဟ်" (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင်) ခမည်းတော်သည် ကျွန်တော့်အား ခန္တီတရား ထားရှိသူတစ်ဦးအဖြစ် အမှန်ပင် တွေ့ရှိပါလိမ့်မည်ဟု ပြန်ကြားခဲ့လေ၏။
Hashim Tin Myint
ထို့‌နောက် ထိုသား‌တော်သည် ၎င်းနှင့်အတူ ‌ပြေးလွှားနိုင်သည့်အရွယ်‌ရောက်သည့်အခါ ၎င်းက ‌ပြောဆိုသည်- “အို- ချစ်သား၊ ငါသည် အမှန်စင်စစ် အသင့်အား လှီးဖြတ်‌နေသည်ဟု အိပ်မက်တွင် အမှန်စင်စစ် မြင်မက်သည်။ သို့ဖြစ်ရာ အသင်သည် မည်သို့ ထင်မြင်ယူဆသနည်းဆိုသည်ကို စဉ်းစားပါ။“ သား‌တော်က ‌ပြောသည်- “အို- ကျွန်ုပ်၏ဖခင်၊ ဖခင်သည် ‌ပေး‌တော်မူခြင်းခံရ‌သော အမိန့်ကိုပင် လိုက်နာ‌ဆောင်ရွက်ပါ၊ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့ပါလျှင် ဖခင်သည် ကျွန်ုပ်ကို မကြာမီ သည်းခံသူများထဲမှ တစ်ဦးအဖြစ် ‌တွေ့ရပါလိမ့်မည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek