×

တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်၏အပေါ်၌လည်းကောင်း၊ (တမန်တော်) အစ် ဟာက်၏အပေါ်၌လည်းကောင်း၊ ဂုဏ်သိက္ခာနှင့်ကျေးဇူးတော်များ ချီးမြှင့်ပေးအပ်တော်မူ၍ ကျက်သရေ မင်္ဂလာ ရှိစေတော်မူခဲ့၏။ 37:113 Burmese translation

Quran infoBurmeseSurah As-saffat ⮕ (37:113) ayat 113 in Burmese

37:113 Surah As-saffat ayat 113 in Burmese (البورمية)

Quran with Burmese translation - Surah As-saffat ayat 113 - الصَّافَات - Page - Juz 23

﴿وَبَٰرَكۡنَا عَلَيۡهِ وَعَلَىٰٓ إِسۡحَٰقَۚ وَمِن ذُرِّيَّتِهِمَا مُحۡسِنٞ وَظَالِمٞ لِّنَفۡسِهِۦ مُبِينٞ ﴾
[الصَّافَات: 113]

တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်၏အပေါ်၌လည်းကောင်း၊ (တမန်တော်) အစ် ဟာက်၏အပေါ်၌လည်းကောင်း၊ ဂုဏ်သိက္ခာနှင့်ကျေးဇူးတော်များ ချီးမြှင့်ပေးအပ်တော်မူ၍ ကျက်သရေ မင်္ဂလာ ရှိစေတော်မူခဲ့၏။ ထို့ပြင် သူတို့နှစ်ဦးစလုံး၏သားစဉ်မြေးဆက်တို့အနက်မှလည်း မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှ ကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်း ဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) များနှင့် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့အလိုရမ္မက်အတွက် သူကိုယ်တိုင် အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံ သူများလည်း ရှိခဲ့ကြ၏။

❮ Previous Next ❯

ترجمة: وباركنا عليه وعلى إسحاق ومن ذريتهما محسن وظالم لنفسه مبين, باللغة البورمية

﴿وباركنا عليه وعلى إسحاق ومن ذريتهما محسن وظالم لنفسه مبين﴾ [الصَّافَات: 113]

Ba Sein
၁၁၃။ ထို့အပြင်ငါသည် တမန်တော်အေဗရာဟမ်နှင့် တမန်တော်အစ္စဟတ်(က်)တို့ကို ကောင်းကြီးမင်္ဂလာပေးသနား တော်မူ၏၊ ထို့အပြင်သူတို့၏ အမျိုးအနွယ်များအနက် အချို့တို့လည်း သုစရိုကောင်းမှုပွားများကြ၏၊ အချို့ တို့လည်း မိမိကိုယ်ကို မိမိအထင်အရှားပြစ်မှားကြ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်၏အပေါ်၌လည်းကောင်း၊ "အစ်ဟာက်"၏အပေါ်၌ လည်းကောင်း၊ ချမ်းသာကြောင်းကို ချပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့နှစ်ဦး၏ သားမြေးတို့အနက် သူတော်ကောင်းလည်းရှိ၏။ မိမိကိုယ်ကိုမိမိ အထင်အရှား နှိပ်စက်ကလူပြုသူလည်းရှိချေသတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော် အိဗ်ရာဟီမ်)နှင့် (တမန်‌တော်)အစ္စဟာက်အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ၎င်းတို့နှစ်ဦး၏သား‌မြေးများထဲတွင် ‌ကောင်းမြတ်‌သောသူနှင့် မိမိကိုယ်မိမိ အထင်အရှား နှိပ်စက်သည့်သူလည်း ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek