Quran with Burmese translation - Surah Az-Zumar ayat 11 - الزُّمَر - Page - Juz 23
﴿قُلۡ إِنِّيٓ أُمِرۡتُ أَنۡ أَعۡبُدَ ٱللَّهَ مُخۡلِصٗا لَّهُ ٱلدِّينَ ﴾
[الزُّمَر: 11]
﴿قل إني أمرت أن أعبد الله مخلصا له الدين﴾ [الزُّمَر: 11]
Ba Sein ၁၁။ အို-မိုဟမ္မဒ်၊ ဟောပြောလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အားသာလျှင် အမြတ်တနိုးကိုးကွယ် အပ်သည်ဟူသော သန့်ရှင်းစင်ကြယ်သော ဘာသာအယူဝါဒနှင့် အရှင်မြတ်အား ဝတ်ပြုလော့ဟု ငါ့ထံသို့ ဗျာဒိတ်တော်လာ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်၊) အသင်ပြောကြားပါလေ၊ ဧကန်စင်စစ် ကျွန်ုပ်သည် သက်သက် အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သဒ္ဓါဖြူစင်စေလျက် ထိုအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်း ခံရသည်။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အမှန်စင်စစ် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်စေလျက် ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကိုခံရသည်။ |