Quran with Burmese translation - Surah Az-Zumar ayat 10 - الزُّمَر - Page - Juz 23
﴿قُلۡ يَٰعِبَادِ ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ رَبَّكُمۡۚ لِلَّذِينَ أَحۡسَنُواْ فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٞۗ وَأَرۡضُ ٱللَّهِ وَٰسِعَةٌۗ إِنَّمَا يُوَفَّى ٱلصَّٰبِرُونَ أَجۡرَهُم بِغَيۡرِ حِسَابٖ ﴾
[الزُّمَر: 10]
﴿قل ياعباد الذين آمنوا اتقوا ربكم للذين أحسنوا في هذه الدنيا حسنة﴾ [الزُّمَر: 10]
Ba Sein ၁ဝ။ အို-တမန်တော်၊ ငါ၏ ယုံကြည်သူကျေးကျွန်မြတ်တို့အား ဆင့်ဆိုလော့၊ အို-ငါ၏ ယုံကြည်သူကျေးကျွန်အပေါင်း တို့၊ သင်တို့သည် မိမိတို့၏ အရှင်သခင်၏ ဝတ်တော်ကို ပြေလည်အောင် ပြုကြလော့၊ အကြောင်းမူကား အကြင်သူတို့သည် ဤပစ္စုပ္ပန်မျက်မှောက်ဘဝ၌ ကောင်းမှုကို ပြုကျင့်ကြမူ၊ ထိုသူတို့အဖို့အရာ သုခအကျိုး အသင့်ရှိ၏၊ ဤမဟာပထဝီမြေသည် အလွန်ပင်ကျယ်ဝန်း၏၊ အကယ်စင်စစ်သမာဓိတည်ကြည်ခြင်းရှိသူတို့သည် သူတို့၏ အခစားနာကို တွန့်တိုခြင်းမရှိပဲ ပေးခြင်းခံရလတ့ံ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်၊) အသင်သည် (တစ်ဆင့်)ပြောကြားပါလေ။ အို-ငါအရှင်မြတ်၏ သက်ဝင် ယုံကြည်သူကျွန်အပေါင်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဤမျက်မှောက်လောကီဘဝတွင် မကောင်းမှုပြုလုပ်ခဲ့ကြသော သူတို့အဖို့ ကောင်းမြတ်သောအကျိုးရှိ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ပထဝီမြေသည်လည်း ကျယ်ဝန်းလှ၏။ စွဲမြဲကြံ့ခိုင်စွာရှိကြသော သူတို့သည်သာလျှင် မိမိတို့၏အကျိုးကို အသင်္ချေအသင်္ချာ ပေးဆပ်ခြင်းခံကြရပေမည်။ |
Hashim Tin Myint (အို- တမန်တော်)အသင်သည် (ငါအရှင်၏ကိုယ်စား)ပြောလိုက်ပါ- အို- ငါအရှင်မြတ်၏ အီမာန်ယုံကြည်သူကျွန်အပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ကောင်းကျိုးပြုလုပ်ခဲ့ကြသည့်သူများအတွက် ဤဘဝတွင်လည်း ကောင်းကျိုးရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏မြေပထဝီသည် ကျယ်ဝန်းသည်။ စွဲမြဲစွာ ကြံ့ခိုင်သည်းခံသောသူများပင် သူတို့၏အကျိုးကို မရေမတွက်နိုင်အောင် အပြည့်အဝ ပေးဆပ်ခြင်းခံကြရမည်ဖြစ်သည်။ |