×

ထိုကျမ်းတော်သည် သူ့ထံ သစ္စာတရားအနေဖြင့် ရောက်ရှိခဲ့စဉ် သူသည် မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ (ယင်းကို) ငြင်းပယ်ရုံသာမက အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ (မိစ္ဆာဒိဌိကို 39:32 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:32) ayat 32 in Burmese

39:32 Surah Az-Zumar ayat 32 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 32 - الزُّمَر - Page - Juz 24

﴿۞ فَمَنۡ أَظۡلَمُ مِمَّن كَذَبَ عَلَى ٱللَّهِ وَكَذَّبَ بِٱلصِّدۡقِ إِذۡ جَآءَهُۥٓۚ أَلَيۡسَ فِي جَهَنَّمَ مَثۡوٗى لِّلۡكَٰفِرِينَ ﴾
[الزُّمَر: 32]

ထိုကျမ်းတော်သည် သူ့ထံ သစ္စာတရားအနေဖြင့် ရောက်ရှိခဲ့စဉ် သူသည် မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ (ယင်းကို) ငြင်းပယ်ရုံသာမက အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ (မိစ္ဆာဒိဌိကို ကြံစည် ဖန်တီးလျက်) လိမ်လည်ငြင်းပယ်မှုကို ကျူးလွန်သူထက် ပိုမို၍ (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍) မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူ မည်သူ ရှိမည်နည်း။ ထို (ကဲ့သို့သော) မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့အတွက် ငရဲဘုံ၌ နေရာထိုင်ခင်း ရှိရမည် မဟုတ်လော။

❮ Previous Next ❯

ترجمة: فمن أظلم ممن كذب على الله وكذب بالصدق إذ جاءه أليس في, باللغة البورمية

﴿فمن أظلم ممن كذب على الله وكذب بالصدق إذ جاءه أليس في﴾ [الزُّمَر: 32]

Ba Sein
၃၂။ အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ မုသားစကားဆို၍ သမ္မာတရားတော်ရောက်လာသောအခါ တရားတော်ကို ငြင်းပယ်သောသူထက် ဒုစရိုက်မကောင်းမှုကို အဘယ်သူသည် ပိုမိုကျုးလွန်သနည်း၊ အယူလွဲသောမိစ္ဆာညစ်တို့ နေအိမ်သည် ငရဲပြည်၌ ရှိမည်မဟုတ်လော။
Ghazi Mohammad Hashim
စင်စစ်သော်ကား အကြင်သူထက်ပို၍ မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားစကားကို ပြောဆိုခဲ့၏။ ထိုမှတစ်ပါး အမှန်တရားသည် ၎င်း၏ထံသို့ ရောက်ရှိ၍ လာလေသောအခါ ၎င်းသည် ယင်းအမှန်တရားကို မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ခဲ့၏။ထို(ကဲ့သို့သော) "ကာဖိရ်" သွေဖည်ငြင်းပယ်ကြကုန်သော သူတို့၏နေရာထိုင်ခင်းမှာ "ဂျဟန္နမ်" ငရဲဘုံ၌ပင် ရှိသည်မဟုတ်လော။
Hashim Tin Myint
ထို့ပြင် အကြင်သူထက်ပိုပြီး မတရားသူသည် မည်သူရှိဦးမည်နည်း၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားစကားကို ‌ပြောဆိုခဲ့သည်။ ထို့ပြင် အမှန်တရားသည် သူ့ထံသို့ ‌ရောက်လာသည့်အခါ ထိုအရာကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့သည်။ (ထို)ကာဖိရ်များအတွက် ‌နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင် ရှိသည်မဟုတ်‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek