×

ထိုနည်းတူစွာ မည်သူ့ကိုပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန် ညွှန်ပြတော်မူလျှင် ထိုသူအား လမ်းမှားစေနိုင်မည့်သူ မည်သူမျှ အလျှင်း ရှိမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့အား 39:37 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:37) ayat 37 in Burmese

39:37 Surah Az-Zumar ayat 37 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 37 - الزُّمَر - Page - Juz 24

﴿وَمَن يَهۡدِ ٱللَّهُ فَمَا لَهُۥ مِن مُّضِلٍّۗ أَلَيۡسَ ٱللَّهُ بِعَزِيزٖ ذِي ٱنتِقَامٖ ﴾
[الزُّمَر: 37]

ထိုနည်းတူစွာ မည်သူ့ကိုပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန် ညွှန်ပြတော်မူလျှင် ထိုသူအား လမ်းမှားစေနိုင်မည့်သူ မည်သူမျှ အလျှင်း ရှိမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့အား အရှင့်စည်းဘောင်၊ နိယာမတော်များဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်၍) အရာခပ်သိမ်းအား နိုင်နင်းလွှမ်း မိုးတော်မူသော ပိုင်ရှင်စစ်ဖြစ်ရုံသာမက (အဆိုပါစည်းဘောင်များကို ချိုးဖောက်ကျူးလွန်သူတို့အား) တန်ပြန် ဒဏ်ခတ်အရေးယူစေနိုင်သော အခြေအနေအလုံးစုံကို ဖြစ်စေတော်မူသောအရှင်လည်း ဖြစ်တော်မူသည် မဟုတ်လော။

❮ Previous Next ❯

ترجمة: ومن يهد الله فما له من مضل أليس الله بعزيز ذي انتقام, باللغة البورمية

﴿ومن يهد الله فما له من مضل أليس الله بعزيز ذي انتقام﴾ [الزُّمَر: 37]

Ba Sein
၃၇။ ထို့အပြင် အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းပြတော်မူ၏၊ ထိုသူအား လမ်းတော်ကို သွေဖွယ်သွားစေ နိုင်သူမရှိချေ၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ အပြစ်များကို လက်စားချေစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူသည်မဟုတ်တုံလော။
Ghazi Mohammad Hashim
ထိုနည်းတူစွာ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်သို့ ပို့ပေးတော်မူပါလျှင် ထိုသူအား လမ်းမှားစေအံ့သောသူဟူ၍ တစ်ဦး တစ်ယောက်မျှ မရှိတော့ပြီ။ အလ္လာဟ်အရှင်မြတ်သည် လွန်စွာနိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ လက်စားချေတော်မူသောအရှင်၊ ဖြစ်တော်မူသည် မဟုတ်ပါလော။
Hashim Tin Myint
ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို ပို့‌ဆောင်‌တော်မူလျှင်၊ ထိုသူ့အား လမ်းမှား‌စေမည့်သူ မည်သူမျှ မရှိ‌တော့‌ပေ။ အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် လွှမ်းမိုး‌တော်မူ‌သောအရှင်၊ တန်ပြန်အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည် မဟုတ်‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek