Quran with Burmese translation - Surah Az-Zumar ayat 48 - الزُّمَر - Page - Juz 24
﴿وَبَدَا لَهُمۡ سَيِّـَٔاتُ مَا كَسَبُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴾
[الزُّمَر: 48]
﴿وبدا لهم سيئات ما كسبوا وحاق بهم ما كانوا به يستهزئون﴾ [الزُّمَر: 48]
Ba Sein ၄၈။ ထို့အပြင် ထိုသူတို့ပြုကျင့်ခဲ့သောဒုစရိုက်မကောင်းမှု၏ ကံဆိုးများသည် သူတို့မျက်မှောက်ပေါ်လွင်လာအ့ံ၊ ထို့အပြင် သူူတို့ပျက်ချော်ပြောင်လှောင်ပြုခဲ့သောအရာဝထ္ထုများသည် သူတို့အား ဝန်းဝိုင်းပိတ်ဆီး၍ ထားကြလတ့ံ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ၎င်းတို့ ဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များ၏ အန္တရာယ်များလည်း ၎င်းတို့ရှေ့ဝယ် ပေါ်လွင်ထင်ရှားလာခဲ့ပေမည်။ ထိုမှတစ်ပါး ၎င်းကိုပြက်ချော်သမှုပြုလျှက်ရှိကြကုန်သော ပြစ်ဒဏ်သည်လည်း ၎င်းတို့အား ဝိုင်းဝန်းလျက် ရှိချေအံ့သတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့ဆည်းပူးခဲ့ကြသော မကောင်းမှုများ၏ အန္တရာယ်များသည်လည်း သူတို့ရှေ့၌ ပေါ်လွင်ထင်ရှားလာခဲ့မည် ဖြစ်သည်။ ထို့ပြင် သူတို့ပြောင်လှောင်နေခဲ့သော ပြစ်ဒဏ်သည်လည်း သူတို့အား ဝန်းရံနေလိမ့်မည်။ |