×

အမှန်စင်စစ်သော်ကား ဘေးဒုက္ခအခက်အခဲတစ်စုံတစ်ရာသည် မနုဿလူသားကို ထိခိုက်နစ်နာစေသောအခါ သူသည် ငါအရှင်မြတ်အား ဟစ်ခေါ် တမ်းတ၍ ဆုတောင်းပန်ကြားလေ့ရှိ၏။ ထို့နောက် ငါအရှင်မြတ်သည် သူ့အား 39:49 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:49) ayat 49 in Burmese

39:49 Surah Az-Zumar ayat 49 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 49 - الزُّمَر - Page - Juz 24

﴿فَإِذَا مَسَّ ٱلۡإِنسَٰنَ ضُرّٞ دَعَانَا ثُمَّ إِذَا خَوَّلۡنَٰهُ نِعۡمَةٗ مِّنَّا قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلۡمِۭۚ بَلۡ هِيَ فِتۡنَةٞ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ﴾
[الزُّمَر: 49]

အမှန်စင်စစ်သော်ကား ဘေးဒုက္ခအခက်အခဲတစ်စုံတစ်ရာသည် မနုဿလူသားကို ထိခိုက်နစ်နာစေသောအခါ သူသည် ငါအရှင်မြတ်အား ဟစ်ခေါ် တမ်းတ၍ ဆုတောင်းပန်ကြားလေ့ရှိ၏။ ထို့နောက် ငါအရှင်မြတ်သည် သူ့အား အရှင့်ထံတော်မှ ကျေးဇူးတော်များကို ဝိုင်းရံစေတော်မူလျက် အခွင့်အရေးပေး၍ ဂုဏ်ပေးတော်မူ သောအခါ သူက ''ကျွန်ုပ်သည် ကျွန်ုပ်၏အသိပညာ၊ ကျွမ်းကျင်မှုစွမ်းရည်ပေါ်မူတည် ၍သာလျှင် (အခွင့်အရေး နှင့်ဂုဏ်သိက္ခာကို) ချီးမြှင့်ပေးအပ်ခြင်း ခံရခြင်းဖြစ်သည်။'' ဟု ပြောဆို၏။ အမှန်မှာ ထိုသို့ အလျှင်း မဟုတ်ပေ။ စင်စစ် ယင်း (ကျေးဇူးတော်၊ အခွင့်အရေးနှင့်ဂုဏ်သိက္ခာတို့) သည် စမ်းသပ်မှုတစ်ရပ်ပင် ဖြစ်သော်လည်း လူသားတို့အနက် အများစုမှာမူ သိနားလည်ကြသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: فإذا مس الإنسان ضر دعانا ثم إذا خولناه نعمة منا قال إنما, باللغة البورمية

﴿فإذا مس الإنسان ضر دعانا ثم إذا خولناه نعمة منا قال إنما﴾ [الزُّمَر: 49]

Ba Sein
၄၉။ ယခုမူကား လူသားတစ်ယောက်အား ဘေးဥပါဒ်ထိခိုက်လျှင် ထိုလူသည် ငါအရှင်မြတ်ထံ ငိုကြွေးဆုတောင်း၏၊ ထို့ကြောင့် ငါသည် သူ့အား ကောင်းကြီးမင်္ဂလာပြုတော်မူသောအခါ သူက ဤချမ်းသာမှုကို ငါ၏ ပညာဉာာဏ် အစွမ်းဖြင့်သာ ငါရ၏ဟု ဝါကြွား၏၊ ယင်းသို့မဟုတ်ချေ၊ သူ့အား စုံစမ်းခြင်းမျှသာဖြစ်၏၊ သို့သော်သူတို့အနက် များစွာသောသူတို့သည် မသိကြချေ။
Ghazi Mohammad Hashim
အမှန်စင်စစ်သော်ကား မနုဿလူသား၌ ဘေးဒုက္ခတစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားသည် ငါအရှင်မြတ်အား ဟစ်ခေါ်တမ်းတ၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား မိမိအထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ရာကို ချီးမြှင့်ပေးသနားတော် မူသောအခါ ထိုလူသားက "ငါသည် ဤသည့်ကျေးဇူးတော်ကို (မိမိ)အကြံအစည် တစ်ခုကြောင့်သာလျှင် ရရှိခဲ့ခြင်းဖြစ်သည်"ဟု ပြောဆို၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ် ဤသည့် ကျေးဇူးတော်မှာကား စမ်းသပ်မှုတစ်ရပ်ပင်တည်း။ သို့ရာတွင် ထိုလူသားတို့အနက် အများဆုံးသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။
Hashim Tin Myint
ထို့ပြင် လူသားတွင် ဒုက္ခတစ်စုံတစ်ခုကျ‌ရောက်သည့်အခါ သူသည် ငါအရှင်မြတ်အား ဟစ်‌ခေါ်တမ်းတသည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူ့အား ငါအရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူး‌တော်(စည်းစိမ်) တစ်စုံတစ်ခုကို ‌ပေး‌တော်မူသည့်အခါ သူက“ငါသည် ဤ‌ကျေးဇူး‌တော်(စည်းစိမ်)ကို (ငါ၏)အကြံအစည်တစ်ခု‌ကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်“*ဟု ‌ပြောဆိုသည်။ ထိုသို့မဟုတ်၊ အမှန်စင်စစ် ဤ‌ကျေးဇူး‌တော်(စည်းစိမ်)သည် စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။ သို့ရာတွင် ထိုလူသားများထဲမှ အများစုသည် မသိရှိကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek