Quran with Burmese translation - Surah Az-Zumar ayat 47 - الزُّمَر - Page - Juz 24
﴿وَلَوۡ أَنَّ لِلَّذِينَ ظَلَمُواْ مَا فِي ٱلۡأَرۡضِ جَمِيعٗا وَمِثۡلَهُۥ مَعَهُۥ لَٱفۡتَدَوۡاْ بِهِۦ مِن سُوٓءِ ٱلۡعَذَابِ يَوۡمَ ٱلۡقِيَٰمَةِۚ وَبَدَا لَهُم مِّنَ ٱللَّهِ مَا لَمۡ يَكُونُواْ يَحۡتَسِبُونَ ﴾
[الزُّمَر: 47]
﴿ولو أن للذين ظلموا ما في الأرض جميعا ومثله معه لافتدوا به﴾ [الزُّمَر: 47]
Ba Sein ၄၇။ မကောင်းမှုပြုကျင့်သူများသည် အကယ်၍ ကမ္ဘာပေါ် ရှိသမျှကို ပိုင်ဆိုင်သည်မက ထပ်မံတဆထမ်းပိုးတိုး၍ ကြွယ်ဝငြားသော်လည်း ထိုပစ္စည်းဥစ္စာအားလုံးကို မိမိတို့အား တရားစီရင်တော်မူသောနေ့တော်ကြီး၌ တွေ့ကြံု ရမည့်ကြောက်မက်ဖွယ်အပြစ်ဒဏ်မှ လွတ်ကင်းချမ်းသာရအောင် မုချဧကန်ပေးလိုကြလတ့ံ၊ ထိုနေ့တော်ကြီး ၌ အလ္လာဟ်အရှင်မြတ်အထံတော်မှ ထိုသူတို့မမျှော်လင့်သောအပြစ်ဒဏ်တော်များသည် သူတို့ရှေ့မှောက်ကျ ရောက်လာလတ့ံ။ |
Ghazi Mohammad Hashim အမှန်စင်စစ်သော်ကား တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်မှုကို ကျူးလွန်ခဲ့ကြကုန်သောသူတို့၌ ကမ္ဘာမြေဝယ်ရှိရှိသမျှသော ပစ္စည်းဥစ္စာအလုံးစုံတို့အပြင် ၎င်းနှင့်အတူ ထိုမျှလောက် နောက်ထပ်ရှိငြားအံ့လည်း အမှန်ပင် ထိုသူတို့သည် ယင်းဥစ္စာပစ္စည်း(အလုံးစုံ) တို့ကို "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ဆိုးရွား ပြင်းထန်လှသော ပြစ်ဒဏ်မှလွတ်မြောက်ရန် လျော်ကြေးပေးကြမည်သာ။ ထို့ပြင် ၎င်းတို့ရှေ့ဝယ် ၎င်းတို့ မထင်မှတ်ခဲ့ကြသော အကြောင်းကိစ္စများသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ထင်ရှားပေါ်လွင်လာခဲ့ပေမည်။ |
Hashim Tin Myint ထို့ပြင် အကယ်၍ မတရားကျူးလွန်ခဲ့ကြသည့်သူများအတွက် မြေပထဝီထဲတွင် ရှိသမျှနှင့်အတူ နောက်ထပ် ထိုမျှရှိလျှင်လည်း ကိယာမသ်နေ့၏ပြစ်ဒဏ်များမှ လွတ်မြောက်ရန် ထိုအပြစ်ကျူးလွန်သည့်သူများက အမှန်ပင် လျော်ကြေးပေးကြမည်ဖြစ်သည်။ ထို့ပြင် သူတို့ရှေ့၌ သူတို့မမျှော်လင့်(မထင်မှတ်)သည့်ကိစ္စများသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထင်ရှားပေါ်လွင်လာလိမ့်မည်။ |