×

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို အမှန်တရားသစ္စာဖြင့် (တိကျမှန်ကန်သော အခြေခံရည်ရွယ်ချက်နှင့်တကွ) ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ညကိုနေ့အပေါ် (တစ်ဆက်တည်း ထပ်လျက်) လွှမ်းခြုံစေတော်မူပြီး နေနှင့်လကိုလည်း သင်တို့အတွက် 39:5 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:5) ayat 5 in Burmese

39:5 Surah Az-Zumar ayat 5 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 5 - الزُّمَر - Page - Juz 23

﴿خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۖ يُكَوِّرُ ٱلَّيۡلَ عَلَى ٱلنَّهَارِ وَيُكَوِّرُ ٱلنَّهَارَ عَلَى ٱلَّيۡلِۖ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِي لِأَجَلٖ مُّسَمًّىۗ أَلَا هُوَ ٱلۡعَزِيزُ ٱلۡغَفَّٰرُ ﴾
[الزُّمَر: 5]

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို အမှန်တရားသစ္စာဖြင့် (တိကျမှန်ကန်သော အခြေခံရည်ရွယ်ချက်နှင့်တကွ) ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ညကိုနေ့အပေါ် (တစ်ဆက်တည်း ထပ်လျက်) လွှမ်းခြုံစေတော်မူပြီး နေနှင့်လကိုလည်း သင်တို့အတွက် အလုပ်အကျွေးပြုသောအရာများ (အသုံးဝင်သော ဩဇာခံများအဖြစ်) ဖြစ်စေတော်မူရုံသာမက အရာရာတိုင်းကိုလည်း ယင်းတည်ရှိရာနေရာနှင့်အချိန်ကာလ အတိုင်းအတာတစ်ခုအတွက် အမည်နာမအမျိုးမျိုးဖြင့် မှည့်ခေါ်စရာအဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူ၏။ သတိပြုကြလော့။ ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များအား ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: خلق السموات والأرض بالحق يكور الليل على النهار ويكور النهار على الليل, باللغة البورمية

﴿خلق السموات والأرض بالحق يكور الليل على النهار ويكور النهار على الليل﴾ [الزُّمَر: 5]

Ba Sein
၅။ အလ္လာဟ်အရှင်မြတ်သည် မိုးမြေကို အမှန်ပင်ဖန်ဆင်းတော်မူ၏၊ နေ့ပြီးညဉ့်၊ ညဉ့်ပြီးနေ့ကို ခဏမစဲဖြစ်ပေါ်လာစေ တော်မူ၏၊ နေလတို့ကို တာဝန်ဝတ္တရားသတ်မှတ်၍ အလုပ်ချတော်မူ၏၊ နေလတို့သည် ပိုင်းခြားသတ်မှတ် ထားတော်မူသောအချိန်ကာလအတိုင်းသာ သွားလာဝင်ထွက်ရကြ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်မဟုတ်ချေလော။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ကျနသေချာစွာ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဉ့်ကိုနေ့၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုနည်းတူစွာ နေ့ကိုညဉ့်၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ မလွှဲမရှောင်သာ အမိန့်တော်ကို လိုက်နာစေတော်မူခဲ့ရာ (ယင်းနေသည်လည်းကောင်း၊ လသည်လည်းကောင်း၊) သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အသီးသီး လှုပ်ရှားသွားလာလျက်ပင် ရှိကြပေမည်။ သတိပြုကြလေကုန်၊ ထိုအရှင်မြတ်သည် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် ဖြစ်တော်မူ၏။
Hashim Tin Myint
အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို တိကျမှန်ကန်စွာ ဖန်ဆင်း‌တော်မူခဲ့သည်။ အရှင်မြတ်သည် ညကို ‌နေ့အ‌ပေါ်တွင် ဖုံးအုပ်လွှမ်းခြုံထား‌တော်မူသည်။ ထို့ပြင် ‌နေ့ကို ည၏အ‌ပေါ်တွင် ဖုံးအုပ်လွှမ်းခြုံထား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ‌နေနှင့်လကို အမိန့်နာခံ‌စေ‌တော်မူခဲ့သည်။ အသီးသီးသည် သတ်မှတ်ထားသည့်အချိန်အထိ လှုပ်ရှားသွားလာ‌နေကြလိမ့်မည်။ သတိပြုကြပါ၊ အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek